“ဌာနတွင်းဝန်ထမ်းများ၏ အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်မှု မြှင့်တင်ရေးသင်တန်းဆင်းပွဲ ကျင်းပ



နေပြည်တော်၊ မေ ၂၉

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများ အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှုမြှင့်တင်နိုင်ရေးအတွက် ရည်ရွယ်၍ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက် ဦးစီးဌာန၊ အမျိုးသားစာကြည့်တိုက်(နေပြည်တော်) မတ်()ရက်မှ စတင် ဖွင့်လှစ်ခဲ့သည့် "ဌာနတွင်း ဝန်ထမ်းများ၏ အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှုမြှင့်တင်ရေးသင်တန်း (Staff Capacity Building on English Proficiency Pilot Course)"ဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်၁၀နာရီက အမျိုးသား စာကြည့်တိုက်(နေပြည်တော်) ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျင်းပသည်။


သင်တန်းဆင်းပွဲအခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦးနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်များနှင့် ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သင်တန်းဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများနှင့် ဖိတ်ကြားထားသော အရာထမ်း၊ အမှုထမ်းများ တက်ရောက်သည်။


အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက မတ်()ရက်မှစတင်၍ ရက်သတ္တပတ် () ပတ်ကြာ ဖွင့်လှစ်လာ ခဲ့သည့် ဌာနတွင်းဝန်ထမ်းများ၏ အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်မှု မြှင့်တင်ရေးသင်တန်းသည် ပြီးဆုံး အောင်မြင်၍ သင်တန်းတက်ရောက်လာ ကြသူအားလုံးမှာ သတ်မှတ်ချက် အဆင့်တစ်ခုရောက်ရှိပြီဟု ဆိုရမည် ဖြစ်ပါကြောင်း၊ သင်တန်း၏ရည်ရွယ်ချက်အတိုင်း သင်တန်းတွင် အင်္ဂလိပ်ဘာသာစကားတစ်ခုတည်း ပြောတတ်၊ ဆိုတတ်၊ ရေးတတ်၊ ဖတ်တတ်ရုံမျှမက နိုင်ငံတကာလုပ်ထုံးလုပ်နည်း၊ အတွေ့အကြုံများကိုပါ ထည့်သွင်းသင်ကြား ပေးသည်ဖြစ်သည့်အတွက် နိုင်ငံတကာဆက်ဆံရေး နှင့် ပူးပေါင်းဆောင်ရွက် ရေးကိစ္စများတွင် အတော်အသင့် နားလည်သဘောပေါက်ပြီဟု ယူဆကြောင်း၊ မကြာခင် (၂၄)ကြိမ်မြောက် အာဆီယံယဉ်ကျေးမှုကော်မတီအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ ကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် တာဝန်ယူဆောင်ရွက် ရမည်ဖြစ်သည့်အတွက် အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းကောင်စီ(ASCC)ကိုလည်း အင်အားတောင့်တင်းအောင် စိတ်ကြိုက် ဖွဲ့စည်းထားကြောင်း၊ ထပ်မံဖြည့်တင်းဖွဲ့စည်း သွားရန်လည်းရှိကြောင်း၊ ပြည်ပသို့ သွားရောက် ရာတွင် အင်္ဂလိပ်ဘာသာစကား ကောင်းမွန်နေရန် လိုကြောင်း၊ သင်တန်းကို Level တူညီနေ သူများအား တက်ရောက် စေခြင်းဖြစ်ပြီး Level မတူညီ၍ ကျန်နေခဲ့သူများသည်လည်း နောင်ဖွင့်လှစ်မည့် သင်တန်းများ တွင် အခွင့်အရေးရရှိမည်ဖြစ်ကြောင်း၊ ဘာသာစကားဆိုသည် မှာ သင်ယူခြင်းအပြင် ပြောဆိုနေမှ အလေ့အကျင့်ဖြစ်လာမည်ဖြစ်ကြောင်း၊ အမြဲတမ်း လေ့ကျင့် နေ ရမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနမှ Focal ဖြစ် တာဝန်ယူ ဆောင်ရွက်ရသည့် အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းကောင်စီ(ASCC)ရုံးလုပ်ငန်းများတွင် အားကိုးရသည့်သူများ၊ စွမ်းဆောင်နိုင်သူများ ဖြစ်အောင် ကြိုးစားကြရန် တိုက်တွန်း ပြောကြားသည်။


ယင်းနောက် သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူများက သင်တန်းဆင်းစွမ်းရည် ပြသခဲ့ကြပြီး ပြည်ထောင်စု ဝန်ကြီး က သင်တန်းဆင်းလက်မှတ်များ ပေးအပ်သည်။


ဆက်လက်၍ သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦးက သင်တန်းဆရာ၊ ဆရာမများအား အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)

No comments

Powered by Blogger.