စံချိန်စံညွှန်းလုပ်ငန်းကော်မတီ (၁/၂၀၂၃) အစည်းအဝေးကျင်းပ





နေပြည်တော် မေ ၃၀


အမျိုးသားစံချိန်စံညွှန်းကောင်စီ၏ လမ်းညွှန်ချက်နှင့်အညီဆောင်ရွက်ရန် မြန်မာစံချိန် စံညွှန်းများထွက်ပေါ်နိုင်ရေးနှင့် နိုင်ငံတော်၏အကျိုးစီးပွားကို မြှင့်တင်ပေးနိုင်သော အမျိုးသားအဆင့် အရည်အသွေးအခြေခံ အဆောက်အအုံဆိုင်ရာ ကဏ္ဍအသီးသီးကို ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးမြှင့်နိုင်ရေးအတွက် စံချိန်စံညွှန်းလုပ်ငန်းကော်မတီ (၁/၂၀၂၃) အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် က မြန်မာနိုင်ငံအတွက် အမှန်တကယ် အကျိုးဖြစ်ထွန်းလိုအပ်လျက်ရှိသည့် စံချိန်စံညွှန်းများ စနစ်တကျ ဦးစားပေးချမှတ်နိုင်ရေးနှင့် ယင်းစံချိန်စံညွှန်းများနှင့်အညီ ကိုက်ညီစွာ လိုက်နာကျင့်သုံးဆောင်ရွက်နိုင်ရေးနှင့် စပ်လျဉ်း၍ ပြောကြားသည်။ 


ထို့နောက် သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက နည်းပညာဆပ်ကော်မတီများမှ အဆိုပြုထားသော စံချိန်စံညွှန်းများ၊ ရေးဆွဲလျက်ရှိသော မြန်မာစံချိန်စံညွှန်းမူကြမ်းများနှင့် ကော်မတီအဆင့် ဆွေးနွေးဆောင် ရွက်ပြီး၍ အများပြည်သူ သဘောထားမှတ်ချက်များ ရယူဆောင်ရွက်လျက်ရှိသော မြန်မာစံချိန်စံညွှန်း မူကြမ်းများနှင့် ပတ်သက်၍ဆွေးနွေးခြင်း၊ ရွှေစံချိန်စံညွှန်းရေးဆွဲရေး နည်းပညာဆပ်ကော်မတီအသစ် ထပ်မံဖွဲ့စည်းခြင်းနှင့် ပတ်သက်၍ဆွေးနွေးခြင်း၊ ASEAN Harmonized Standards များမှ ISO/IEC Standards များဖြစ်သည့် Committee on Conformity Assessment Standards - CASCO's Standards များကို စံချိန်စံညွှန်း လုပ်ငန်းကော်မတီ၏ သဘောတူညီမှုရယူ၍ မြန်မာစံချိန်စံညွှန်းများအဖြစ် ချမှတ်နိုင်ရန် ဆွေးနွေးခြင်း နှင့် စံပြုအရည်အသွေး ထောက်ခံချက်ထုတ်ပေးရေးအဖွဲ့ (Model Certification Body) တစ်ခုအဖြစ် အမျိုးသားအဆင့်အရည်အသွေးထောက်ခံချက်ထုတ်ပေးရေးအဖွဲ့ (National Certification Body - NCB) တည်ထောင်ရေး ဆောင်ရွက်နေမှုများ၊ စံချိန်စံညွှန်းများ ကျယ်ကျယ်ပြန့်ပြန့် အကျိုးရှိရှိ သုံးစွဲမှုမြှင့်တင်နိုင်ရေးအတွက် Awareness Program ဆောင်ရွက်နေမှုများကို သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြရာ  ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ စံချိန်စံညွှန်းလုပ်ငန်းကော်မတီ အဖွဲ့ဝင်များဖြစ်သော ဆက်စပ်ဝန်ကြီးဌာနများမှ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ UMFCCI မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၊ မြန်မာနိုင်ငံစက်မှု ကုန်ထုတ်လုပ်သူများအသင်း၊ မြန်မာနိုင်ငံစားသောက်ကုန် ထုတ်လုပ်တင်ပို့ ရောင်းချသူများ အသင်းတို့မှ ကိုယ်စားလှယ်များနှင့် ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။


သတင်းစဉ်

No comments

Powered by Blogger.