မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဦးစီးမှူးအဆင့် ဗဟိုဘဏ်ဌာနတွင်း ဘဏ်လုပ်ငန်းသင်တန်း အမှတ်စဉ် (၁/၂၀၂၃)သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ



နေပြည်တော် မေ ၂၉


ဒုတိယဦးစီးမှူးအဆင့် ဗဟိုဘဏ်ဌာနတွင်း ဘဏ်လုပ်ငန်းသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၌ ကျင်းပရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ လင်းအောင်အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြား‌ရေးမှူးချုပ်များ၊ အရာထမ်းများ၊ သင်တန်းပို့ချသူ ဆရာ/ ဆရာမများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြသည်။


သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ လင်းအောင်က မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အခန်းကဏ္ဍနှင့် လုပ်ငန်းဆောင်ရွက်ချက်များဖြစ်သည့် ငွေရေးကြေးရေး ဆိုင်ရာ ဘဏ်လုပ်ငန်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများ၊ ငွေပေးချေမှုစနစ်များ၊ နိုင်ငံခြားသုံး ငွေမူဝါဒ ဆိုင်ရာနှင့် ငွေကြေးမူဝါဒဆိုင်ရာလုပ်ငန်းများ၊ ဘဏ္ဍာရေးစည်းမျဉ်းများ၊ ဘဏ်တွင်းစာရင်းစစ်ဆေးခြင်း လုပ်ငန်းများနှင့် ဗဟိုဘဏ်ဌာနအသီးသီး၏ လုပ်ငန်းတာဝန်ဝတ္တရားများကို လေ့လာနိုင်ပြီး မိမိတို့၏ လုပ်ငန်းခွင်၌ လက်တွေ့ပြန်လည် အသုံးချရန်နှင့် ဘဏ်ဝန်ထမ်းအချင်းချင်းလည်း နိုင်ငံ့ဝန်ထမ်းကောင်း စိတ်ဓာတ်အပြည့်အဝဖြင့် တစ်ဦးနှင့်တစ်ဦး အတူတကွ ပူးပေါင်းဆောင်ရွက်သွားကြရန် မှာကြားသည်


အဆိုပါသင်တန်းကို မေ (၂၉) ရက်မှ ဇွန် (၉) ရက်အထိ နှစ်ပတ်ကြာဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းသား စုစုပေါင်း (၃၃) ဦးတက် ရောက်မည်ဖြစ်သည်။

(သတင်းစဉ်)

No comments

Powered by Blogger.