ကယားပြည်နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

လွိုင်ကော် မေ ၃၀


ကယားပြည်နယ်၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို မေ ၃၀ ရက် နံနက်ပိုင်းက ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမတွင် ကျင်းပရာ  ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ပညာရေးဌာနမှ တာဝန်ရှိသူများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။


ဦးစွာ ကျောင်းသား ကျောင်းသူများက “ဒို့ပြည်နယ်အားလုံး ကျောင်းအပ်ပါစို့ကွယ်” သီချင်းသီဆို၍ အခမ်းအနားဖွင့်လှစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ကယားပြည်နယ် ပညာရေးမှူးရုံး ညွှန်ကြားရေးမှူး သင်ကြားရေးဆိုင်ရာ နည်းလမ်းများကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်ရိုးသစ် Grade-5၊ Grade-9 နှင့် Grade-12 ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ကျောင်းသုံး စာရေး ကိရိယာများကို အခမဲ့ပေးအပ်ကြရာ ကျောင်းသား ကျောင်းသူများက လက်ခံရယူကြပြီး ပြည်နယ်ပညာရေးမှူးရုံး ညွှန်ကြားရေးမှူးက ဖျော်ဖြေရေး အစီအစဉ်တွင် ပါဝင်သော ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။ ယင်းနောက် ကျောင်းသား ကျောင်းသူများက “ဇာတိမာန်”သီချင်းဖြင့် သီဆိုဖျော်ဖြေကြပြီး အခမ်းအနားကို ရုပ်သိမ်းသည်။


အခမ်းအနားအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဆရာ ဆရာမများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား ကျောင်းသူများကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ပြီး ပညာရေးလှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံများ၊ ကျောင်းသား ကျောင်းသူများအတွက် အခမဲ့ဖြန့်ဝေသည့် ကျောင်းသုံးပုံနှိပ်စာအုပ်၊ ဗလာစာအုပ်နှင့် စာရေးကိရိယာများ၊ ခင်းကျင်းပြသထားမှုများကို လှည့်လည်ကြည့်ရှုသည်။


ပြည်နယ်(ပြန်/ဆက်)





No comments

Powered by Blogger.