ဇေယျာသီရိမြို့နယ် ရွာသစ်ကြီးပရိယတ္တိစာသင်တိုက်ရှိ ဆရာတော်၊ သံဃာတော် ၁၁၅ ပါးအား ကိုဗစ်-၁၉ ကာကွယ်ဆေး Sinopharm ထပ်ဆောင်းထိုးနှံ

နေပြည်တော် မေ ၃၀


နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ကာကွယ်ဆေး Sinopharm ထပ်ဆောင်းထိုးနှံခြင်းကို မေ ၃၀ ရက် နံနက်ပိုင်းက ဇေယျာသီရိမြို့နယ်၊ ရွာသစ်ကြီးပရိယတ္တိစာသင်တိုက်မှ ဆရာတော်၊ သံဃာတော်များအား ထိုးနှံပေးသည်။


ကာကွယ်ဆေးထိုးနှံရာတွင် ဇေယျာသီရိမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဆရာမ ဒေါ်စိုးစိုးမော်နှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုနှင့် စပ်လျဉ်း၍ သိကောင်းစရာများကို ဆရာတော်၊ သံဃာတော်များအား ရှင်းလင်းလျှောက်ထားကာ ကာကွယ်ဆေးမထိုးမီ စာရင်းရေးသွင်းခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး ရွာသစ်ကြီးပရိယတ္တိစာသင်တိုက်မှ ဆရာတော်၊ သံဃာတော်အပါး ၁၁၅ ပါးကို ကိုဗစ်-၁၉ ထပ်ဆောင်း ကာကွယ်ဆေးများ ထိုးနှံပေးခဲ့သည်၊၊


ထွန်းလင်း(ဇေယျာမြေ)





No comments

Powered by Blogger.