ရသေ့တောင်မြို့နယ်ရှိ မင်းဘာကြီးလမ်းတစ်လျှောက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်



ရသေ့တောင် ဇွန် ၃


ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့တွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရောက်ရှိနေသော ဗိုလ်ချုပ်အောင်မျိုးထွန်းနှင့် တာဝန်ရှိသူများသည် ဇွန် ၃ ရက် နံနက်ပိုင်းက တောင်ရင်းတန်းရပ်ကွက်၊ မင်းဘာကြီးလမ်း တစ်လျှောက်တွင် ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့ပေါ် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ရပ်မိ/ရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများနှင့် စုပေါင်းသန့်ရှင်းရေး လုပ်အားပေးနေမှုကို ကြည့်ရှုအားပေးသည်။


ထိုသို့ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်မိ/ရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများ စုပေါင်းပြီး သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ အမှိုက်များကောက်ခြင်း၊ အမှိုက်များ စနစ်တကျ စွန့်ပစ်ခြင်းများ ဆောင်ရွက်ကြသည်။

ရသေ့တောင် (ပြန်/ဆက်)

No comments

Powered by Blogger.