လယ်ဝေးမြို့နယ် လေဘေးသင့်ကျေးရွာများ၌ လယ်ယာမြေများအား စက်မှုလယ်ယာဦးစီးဌာနမှ စက်ကိရိယာများဖြင့် ကူညီထွန်ယက်
နေပြည်တော် ဇွန် ၃
နေပြည်တော်၊ လယ်ဝေးမြို့နယ်ရှိ လေဘေးသင့်ကျေးရွာများဖြစ်သည့် အောင်မြင်ကုန်းကျေးရွာနှင့် တံတားဦးကျေးရွာများ ပြန်လည်ထူထောင်ရေးအတွက် သက်ဆိုင်ရာဌာနများအလိုက် ကူညီဆောင်ရွက် ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာတွင် လယ်ဝေးမြို့၊ စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၄၇) စက်မှုလယ်ယာ စခန်းမှ အောင်မြင်ကုန်းကျေးရွာနှင့် တံတားဦးကျေးရွာတို့ရှိ တောင်သူများ၏ လယ်ယာမြေများအား တောင်သူများ ကုန်ကျမည့် ဒီဇယ်ဆီစိုက်ထုတ်၍ ဌာနမှ ထွန်ယက်ရေးဝန်ဆောင်ခအခမဲ့ဖြင့် ဇွန် ၂ ရက်က စတင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဝေကြည်(ပြန်/ဆက်)
No comments