ပုဏ္ဏားကျွန်းမြို့ ဌာနဆိုင်ရာရုံးများသို့ ဗိုလ်မှူးချုပ်ဝင်းမောင် ကွင်းဆင်းစစ်ဆေး






ပုဏ္ဏားကျွန်း ဇွန် ၃


ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရောက်ရှိနေသည့် ဗိုလ်မှူးချုပ်ဝင်းမောင်သည် ဇွန် ၂ ရက်က ဆိုင်ကလုန်းမုန်တိုင်း မိုခါတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဌာနဆိုင်ရာ ရုံးဌာနများသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးသည်။


ဦးစွာ ဗိုလ်မှူးချုပ်ဝင်းမောင်နှင့်အဖွဲ့သည် မြို့နယ်ရဲစခန်းသို့ သွားရောက်ကာ ဝန်ထမ်းအိမ်ရာ၊ မြို့နယ်ရဲစခန်း၊ အချုပ်ခန်းများအား မုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲသည်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး စိုက်ပျိုးရေးဦးစီးဌာန၊ အမှတ်(၁) မူလတန်းကြိုကျောင်း၊ တယ်လီဖုန်းအိတ်ချိန်း၊ စားသုံးသူရေးရာဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ သမဝါယမဦးစီးဌာနနှင့် မြို့နယ်ပြည်သူ့ဆေးရုံများသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ပြန်လည်ပြုပြင်ရန်အတွက် လိုအပ်သည်များကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးသည်။


ဆက်လက်၍ ဗိုလ်မှူးချုပ်ဝင်းမောင်နှင့်အဖွဲ့သည် ဦးရာဇ်တော်ဘုရားဂေါပကအဖွဲ့နှင့် တွေ့ဆုံ၍ ဆိုင်ကလုန်းမုန်တိုင်း မိုခါတိုက်ခတ်မှုကြောင့် ဦးရာဇ်တော်ဘုရား ကြိုးတံတား ပျက်စီးဆုံးရှုံးမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ပြန်လည်ပြုပြင် ထိန်းသိမ်းရန်အတွက် လိုအပ်သည်များကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးသည်။


နီထွန်းအောင်(ပြန်/ဆက်)

No comments

Powered by Blogger.