ဘူးသီးတောင်မြို့နယ်၌ ကျောင်းသန့်ရှင်းသာယာလှပရေးနှင့် မြို့သန့်ရှင်းသာယာလှပရေး ဆောင်ရွက်
ဘူးသီးတောင် ဇွန် ၃
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်တွင် မိုခါမုန်တိုင်းဘေးကြောင့် ပျက်စီးဆုံးရှုံးခဲ့သော ရပ်ကွက်/ကျေးရွာများတွင် ပြန်လည်ထူထောင်ရေးကိစ္စရပ်များ ဆောင်ရွက်ရန် ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့် တာဝန်ရှိသူများသည် ဇွန် ၃ ရက် နံနက်ပိုင်းက ကျောင်းသန့်ရှင်းသာယာလှပရေးနှင့် မြို့သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့် တာဝန်ရှိသူများသည် အထကလက်ဝဲဒက် ပုဇွန်ချောင်းကျောင်း၊ အလက(ခွဲ)မြို့သစ်ကျောင်းနှင့် အခြေခံပညာမူလတန်းလွန်(ရွာမ) စာသင်ကျောင်းတို့၌ ကျောင်းဝန်းကျင် သန့်ရှင်းသာယာလှပပြီး ဆရာဆရာမများနှင့် ကျောင်းသား ကျောင်းသူများ စိတ်ချမ်းမြေ့စွာ ပညာသင်ကြားခွင့် ရရှိစေရန်နှင့် စိမ်းလန်းစိုပြည်သော သစ်ပင်ပန်းပင်များဖြင့် ပတ်ဝန်းကျင်ဖြစ်စေရေးအတွက် ဌာနဆိုင်ရာများ၊ တပ်ရင်း၊ တပ်ဖွဲ့ဝင်များ၊ ပညာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှု၊ ကျောင်းရေပေးဝေနေမှုတို့ကို ကြည့်ရှုအားပေးသည်။
ထို့နောက် တိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့် အဖွဲ့သည် မုန်တိုင်းအလွန်ကာလ မြို့သန့်ရှင်းသာယာလှပစေရေးအတွက် မြို့ပေါ်ရပ်ကွက်များအလိုက် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်သူလူထုများ ပူးပေါင်းကာ လုပ်အားပေးဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှု အားပေးစကားပြောကြားပြီး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေကြသူများအား အချိုရည်နှင့် စားသောက်ဖွယ်ရာများ ပေးဝေသည်။
ဆက်လက်၍ ဘူးသီးတောင်မြို့၌ မိုးရာသီကာလ ရေစီးရေလာကောင်းမွန်စေရေးအတွက် မြို့နယ်ပြည်သူ့ဆေးရုံနှင့် ရပ်ကွက်များအတွင်း ရေမြောင်းများတူးဖော်နေမှု၊ အမှိုက်သရိုက်များ ရှင်းလင်းနေမှုတို့ကို သွားရောက်ကြည့်ရှု အားပေးစကားများပြောကြားပြီး ရွာမကျေးရွာအုပ်စုရှိ အမက(မူလွန်)ကျောင်းတွင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ဘူးသီးတောင်တပ်နယ် နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ဒေသခံပြည်သူများအား အခမဲ့ဆေးကုသပေးနေမှုကို လှည့်လည်ကြည့်ရှု အားပေးစကားများ ပြောကြားခဲ့သည်။
မြို့နယ်(ပြန်/ဆက်)
No comments