မွန်ပြည်နယ်ဝန်ကြီးချုပ်၂၀၂၃ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲ တက်ရောက်
မော်လမြိုင် ဇွန် ၃
မွန်ပြည်နယ် သစ်တောဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ၂ဝ၂၃ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ဇွန် ၃ရက် နံနက်ပိုင်းက မော်လမြိုင်မြို့ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) အလက(၆) ကျောင်းဝင်းအတွင်း၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်စိုးမင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ ဆရာများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်ဝန်ကြီးများက ကျွန်း၊ သင်္ကန်း၊ ပျဉ်းကတိုး၊ မဟော်ဂနီ၊ မန်ဂျန်ရှား၊ ပျဥ်းမ၊ ယမနေ စသည့် သစ်မာအမျိုးအစားများ စိုက်ပျိုးပြီး တက်ရောက်လာသူများ၏ တပျော်တပါး သစ်ပင်စိုက်ပျိုးနေမှုကို ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့က လှည့်လည် ကြည့်ရှုအားပေးသည်။
ခရိုင်(ပြန်/ဆက်)
No comments