သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)ထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ကြည့်ရူအားပေး





ဇလွန် ဇွန် ၁၅


ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများသည် ဇွန် ၁၅ ရက် မွန်းလွဲပိုင်းက ဖက်သောင် ကျေးရွာအုပ်စု တောင်သူဦးရွှေထူး၏ လယ်မြေ ၁၂ ဧကတွင် ပြုလုပ်သည့် မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မြေဆီလွှာအတွင်း ထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲသို့ တက်ရောက်အားပေးသည်။


ကွင်းသရုပ်ပြပွဲတွင် လယ်ယာမြေများ၌ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ထည့်သွင်းစိုက်ပျိုးခြင်း အကျိုးကျေးဇူးများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးနိုင်ကျော်စိုးက တောင်သူများအား အသိပညာပေးပြောကြားပြီး  သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) ထည့်သွင်းခြင်း ကွင်းသရုပ်ပြသသည်။ အဆိုပါ ကွင်းသရုပ်ပြပွဲသို့ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများ၊ ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံတောင်သူများ တက်ရောက်ကြသည်။


ဝေယံ(ပြန်/ဆက်)

No comments

Powered by Blogger.