ရာဂီတိုင်ဖွန်းမုန်တိုင်း၏ သက်ရောက်မှုကြောင့် ရေဘေးဒဏ်ခံစားရသော ဒေသများအတွက် အလှူငွေပေးအပ်လှူဒါန်းခြင်း အခမ်းအနားကျင်းပ




 နေပြည်တော် စက်တင်ဘာ ၁၈


တောင်တရုတ်ပင်လယ်တွင် ဖြစ်ပွားခဲ့သော ရာဂီတိုင်ဖွန်းမုန်တိုင်း၏ သက်ရောက်မှု ကြောင့် ရေဘေးဒဏ်ခံစားရသော ဒေသခံပြည်သူများအတွက် အလှူငွေပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက လက်ခံရယူပြီး ကျေးဇူးတင်စကားပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။


အခမ်းအနားတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုမှ ငွေကျပ် သိန်း(၁,၇၀၀)၊ မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းမှ ငွေကျပ်သိန်း(၇၀)၊  ဦးအောင်ဇော်မြင့်+အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီ သီရိပျံချီ ဒေါက်တာမြတ်မြတ် အုန်းခင် ပြည်ထောင်စုဝန်ကြီး(ငြိမ်း)နှင့် သားသမီး၊ မြေးများမှ ငွေကျပ်သိန်း(၅၀)၊ ဒေါက်တာ ဂျူးဂျူးဇော်(ခ) ခင်အိန္ဒြာဇော် (ခေတ္တဩစတြေးလျ)မှ ငွေကျပ်(၁၁)သိန်း၊ ဦးထွန်းရွှေ+ ဒေါ်သင်းသင်းဆွေမိသားစု (ထွန်းရွှေဝါတိုင်း ရင်းဆေးဝါးထုတ်လုပ်ရေး)မှ ငွေကျပ်သိန်း(၃၀) နှင့် တိုင်းရင်းဆေးဝါးသေတ္တာ(၆)ပုံး၊ မြန်မာနိုင်ငံ ဂေါက်သီးအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကိုကိုအေးမှ ငွေကျပ်သိန်း(၅၀၀)၊  မြန်မာနွယ်ဖွား တရုတ်လူမှုကူညီရေးပရဟိတအသင်း (နေပြည်တော်)မှ ငွေကျပ်သိန်း(၅၀)၊ Tin Wai International Group Co,Ltd မှ ငွေကျပ် သိန်း(၃၀)၊ မြန်မာကယန်းတောင်ပိုင်းကုမ္ပဏီလီမိတက်မှ ငွေကျပ်(၁၀)သိန်း၊ Sky One Company မှ ငွေကျပ်သိန်း(၂၀၀၀)နှင့် Gandamar Business Solutations Co,Ltd ဝန်ထမ်းမိ သားစုမှ ငွေကျပ်(၂,၀၇၆,၀၀၀)၊ ဦးအိုက်ဆန်+ဒေါ်ဖုံစု မိသားစုမှ ငွေကျပ်သိန်း(၃၀၀၀)၊ ဦးလင်းထူး+ ဒေါ်နန်းသင်းစုငြိမ်း Golden HTT Co,Ltd  မိသားစုမှ ငွေကျပ်သိန်း(၅၀) စုစုပေါင်း ငွေကျပ် (၇၅၂,၁၇၆,၀၀၀) ပေးအပ်လှူဒါန်းခဲ့သည်။


ထို့အတူ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး(ငြိမ်း)နှင့် ဇနီး ဒေါ်မြမြစန်း မိသားစုမှ အေလာတိဏ္ဏဘုန်းတော်ကြီးကျောင်းရှိ ရေဘေးသင့်ပြည်သူ(၃၀၀)အတွက် နေ့လယ်စာ ထမင်းဘူး (၃၀၀)ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန မှတစ်ဆင့် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။


သတင်းစဉ်

No comments

Powered by Blogger.