ပြန်ကြားရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများက ရေဘေးသင့်ပြည်သူများအတွက် စားသောက် ဖွယ်ရာများ ပေးအပ်လှူဒါန်း
နေပြည်တော် စက်တင်ဘာ ၁၇
ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဝင်းကျော်အောင်နှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းမှ ရေဘေးသင့်ပြည်သူများ ယာယီနေထိုင် လျက်ရှိသည့် ပျဉ်းမနားမြို့ သုခစိုးဟိုတယ်ဝင်းအတွင်းရှိ ဘိုးဘွားရိပ်သာနှင့် အုန်းတောပရိယတ္တိ စာသင်တိုက်များသို့ စားသောက်ဖွယ်ရာများ သွားရောက်လှူဒါန်းကြသည်။
ဦးစွာ အမြဲတမ်းအတွင်းဝန်နှင့်အဖွဲ့သည် သုခစိုးဟိုတယ်ဝင်းအတွင်းရှိ ဘိုးဘွားရိပ်သာရှိ ရေဘေးသင့်ပြည်သူ ၄၀၀ နှင့် အုန်းတောပရိယတ္တိစာသင်တိုက်အတွင်းရှိ ရေဘေးသင့်ပြည်သူ ၆၀၀ တို့အတွက် စားသောက် ဖွယ်ရာများ လှူဒါန်းကြသည်။
ထိုသို့လှူဒါန်းရာတွင် မြန်မာနိုင်ငံဟာသပညာရှင်များ အစည်းအရုံး(ဗဟို)ဥက္ကဋ္ဌ၊ ဟာသပညာရှင် ဒိန်းဒေါင်၊ ဟာသပညာရှင် အကယ်ဒမီအုန်းသီးနှင့်အဖွဲ့က ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ ငွေများ ပါဝင်ပေးအပ်လှူဒါန်းခဲ့ကြပြီး အားပေးစကား ပြောကြားခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)
No comments