သတင်းတု၊ သတင်းမှားနှင့် ဘက်လိုက်သတင်းများမှာ ကမ္ဘာ့နိုင်ငံအားလုံးရှိ လူသားများအတွက် အထူးစိုးရိမ်စရာဖြစ်လာဟု ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း BRICS Media Summit သို့ တက်ရောက် ဆွေးနွေးပြောကြား
မော်စကို စက်တင်ဘာ ၁၅
BRICS Media Summit ကို စက်တင်ဘာ
၁၄ ရက်တွင် မော်စကို မြို့ရှိ World Trade Centre(WTC) ၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ရုရှားဖက်ဒရေး ရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး
ဦးသစ်လင်းအုန်းနှင့် မြန်မာကိုယ်စားလှယ် အဖွဲ့ဝင်များ တက်ရောက်ကြသည်။
နံနက် ၁၀ နာရီတွင် BRICS မီဒီယာဓာတ်ပုံပြပွဲ ဖွင့်ပွဲကျင်းပရာ ရုရှားသတင်းအေဂျင်စီ
TASS ၏ အကြီးအကဲ Mr . Andrey Kondrashov နှင့် ရုရှားဖက်ဒရေး ရှင်းနိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး
Mr. Sergei Ryabko တို့က အဖွင့်အမှာစကားပြောကြားကြပြီး ဓာတ်ပုံပြပွဲအတွင်း ခင်းကျင်း
ပြသထားသည့် မှတ်တမ်းဓာတ်ပုံများကို လှည့်လည်ကြည့်ရှုကြသည်။
ဆက်လက်၍ BRICS Media Summit ဖွင့်ပွဲအခမ်းအနားကို ကျင်းပရာ ရုရှားသတင်းအေဂျင်စီ
TASS ၏ အကြီးအကဲ Mr. Andrey Kondrashov က အဖွင့်အမှာ စကား ပြောကြားသည်။
ယင်းနောက် BRICS Media Summit ကို ကျင်းပရာ ရုရှား သတင်းအေဂျင်စီ TASS
၏ ဒုတိယအကြီးအကဲ Mr . Mikhail Gusman က ညှိနှိုင်းရေးမှူး (Moderator ) အဖြစ် ဆောင်ရွက်ပြီး
ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံ ခြားရေးဝန်ကြီး Mr. Sergey Lavrov က ဗီဒီယိုမှတစ်ဆင့်
နှုတ်ခွန်းဆက်စကား ပြောကြားသည်။
ထို့နောက် ရုရှားဖက်ဒရေးရှင်း နိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Mr.
Sergei Ryabko၊ BRICS Media Forum ၏ အမှုဆောင် ဥက္ကဋ္ဌ ဆင်ဟွာသတင်းဌာန အကြီးအကဲ Mr.
Fu Hua ၊ ရုရှား နိုင်ငံ ဝန်ကြီးဌာနများမှ တာဝန် ရှိသူများ၊ OIC မှ ကိုယ်စားလှယ် တို့က
နှုတ်ခွန်းဆက်စကားပြောကြားကြသည်။ မွန်းလွဲပိုင်းတွင် BRICS Media Summit ကို ဆက်လက်ကျင်းပရာ
ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒူးမားလွှတ်တော် နိုင်ငံတကာ ရေးရာဥက္ကဋ္ဌ Mr.
Leonid Slutsky တို့က အမှာစကားပြောကြားကြသည်။
ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ဆွေးနွေးပြောကြားရာတွင် မီဒီယာသည်
အလွန်ဩဇာကြီးမားသည့်အလျောက် ယနေ့ကမ္ဘာ့နိုင်ငံများ၏ နေ့စဉ်လူနေမှုဘဝကိုပင် ပုံဖော်နေသည်ကို
တွေ့မြင်ရမည်ဖြစ်ပါကြောင်း၊ လူသားတို့၏ နေ့စဉ်ဘဝတွင် စားဝတ်နေရေးအပြင် သတင်းအချက်အလက်
ရရှိရေးသည် လည်း လိုအပ်ချက်တစ်ခု ဖြစ်လာပါကြောင်း။
မီဒီယာသည် ကမ္ဘာ့တိုင်းပြည်များစွာ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနယ်ပယ်စုံတွင်
ဝင်ဆံ့ပြီး ဩဇာလွှမ်းနေသည်ကို အားလုံးအသိဖြစ်ပါကြောင်း၊ မီဒီယာများ၏ ထိုးဖောက်ဝင်ရောက်
ပျံ့နှံ့နိုင်မှု စွမ်းရည်ကြောင့် ကမ္ဘာ့နိုင်ငံများတွင် ရင်းနှီးကျွမ်းဝင်မှုများ
တည်ဆောက်နိုင်သကဲ့သို့ သတင်းတု/ သတင်းမှားများ၏ အန္တရာယ်ကြောင့် နိုင်ငံတည်ငြိမ်မှုပျက်ပြားပြီး
ဖွံ့ဖြိုးမှုနှောင့်နှေးနေရသည်ကိုလည်း တွေ့မြင်ရမည်ဖြစ်ပါကြောင်း။
လိုသလိုသတင်းကို ပုံဖော်ရေးသားလာ
ကမ္ဘာ့မီဒီယာကဏ္ဍတွင် သမားရိုးကျမီဒီယာများ တည်ရှိနေသေးသော်လည်း နည်းပညာအလွန်အမင်း
ဖွံ့ဖြိုးတိုးတက်လာမှုအရ ခေတ်သစ်မီဒီယာ ထွန်းကားလာပြီး သတင်းသမားသာမက လူထုအားလုံးက
လိုသလို သတင်းကို ပုံဖော်ရေးသားလာကြသည့်အတွက် သတင်းတု၊ သတင်းမှားနှင့် ဘက်လိုက်သတင်းများမှာ
ကမ္ဘာ့နိုင်ငံအားလုံးရှိ လူသားများအတွက် အထူးစိုးရိမ်စရာ ဖြစ်လာခဲ့ပါကြောင်း။
သတင်းတု/ သတင်းမှားများကြောင့် နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို
ထိခိုက်လာနိုင်သည့် အန္တရာယ်များ ဖြစ်ပေါ်လာခြင်းကြောင့် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများတွင်
သတင်းတု/ သတင်းမှား တိုက်ဖျက်ရေး၊ သတင်းမှန်များ ဖြန့်ချိရေးအတွက် ကြိုးပမ်းနေကြရခြင်းဖြစ်ပါကြောင်း။
BRICS Media Summit ကို ကျင်းပလာခဲ့သည်မှာ ယခုနှစ် ဆိုလျှင် (၇)ကြိမ်မြောက်ရှိပြီ
ဖြစ်ပါကြောင်း၊ ယနေ့တွင် မိမိတို့ ကမ္ဘာကြီးပြောင်းလဲလာပြီး ဝင်ရိုးတန်းတစ်ခုတည်း ချုပ်ကိုင်သောကမ္ဘာကြီး
မဟုတ်တော့ဘဲ Multipolar ခေါ် ဝင်ရိုးစုံမျှတစွာ ပုံဖော်နေသည့် ကမ္ဘာကြီးဖြစ်နေပြီ ဖြစ်ပါကြောင်း၊
ယနေ့ကမ္ဘာကြီးတွင် အုပ်စုတစ်စု၊ နိုင်ငံတစ်နိုင်ငံတည်းက ကမ္ဘာ့ရေးရာတွေကို ပုံဖော်နေသည့်အဖြစ်မှ
အုပ်စုများစွာ၊ နိုင်ငံများစွာက ပြောဆိုဆွေးနွေးခွင့်၊ ညှိနှိုင်းပုံဖော်ခွင့်များ
ရရှိလာ နေပြီဖြစ်ပါကြောင်း၊ ကမ္ဘာ့နိုင်ငံအချင်းချင်း ဆက်သွယ်မှုတွင် နောက်ဆုံးပေါ်
နည်းပညာများကြောင့် ပေါ်ထွန်းလာသည့် New Media သည် နယ်နိမိတ်ဆိုင်ရာ အဟန့်အတားများကို
ကျော်ဖြတ်ကာ စက္ကန့်ပိုင်းအတွင်း သတင်း စကားများကို ဖြန့်ဝေပေးနိုင်ပါကြောင်း။
အပြုသဘောဆောင်သော သတင်းပေးပို့ချက်များဖလှယ်
ထို့ကြောင့် ကမ္ဘာ့နိုင်ငံများအကြား ချစ်ကြည်ရင်းနှီးမှုကို ဖော်ဆောင်နိုင်မည့်
သတင်းစကားများ၊ နားလည် သဘောပေါက်မှုကို ဖန်တီးပေးမည့် အပြုသဘောဆောင်သော သတင်းပေးပို့ချက်များ
ဖလှယ်နိုင်ရန် ကြိုးစားကြရမည်ဖြစ်ပါကြောင်း၊ ကမ္ဘာတစ်လွှား ဖြစ်ပေါ်နေသည့် ရာသီဥတု
ပြောင်းလဲမှု၊ လေထုညစ်ညမ်းမှု၊ သစ်တောပြုန်းတီးမှု စသည့်သမားရိုးကျမဟုတ်သော စိန်ခေါ်မှုများကို
ဖြေရှင်းရာတွင် နိုင်ငံအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုမှာ အဓိကကျခြင်းကြောင့် ဘက်စုံကဏ္ဍစုံ၌
လက်တွဲဖြေရှင်းကြရန်၊ အချင်းချင်း ညီညွတ် စည်းလုံးကြရန် အရေးကြီးလာပြီဖြစ်ပါကြောင်း၊
တိုက်ကြီးအားလုံး၊ ဒေသအားလုံး အကျုံးဝင်လွှမ်းခြုံသည့် အလွှာစုံမှ နိုင်ငံတကာပြည်သူများ
စုစည်းလာနေပြီဖြစ်ပါကြောင်း၊ ၎င်းတို့၏အသံကိုတစ်သံတည်းဖြစ်အောင် ကြိုးစားနေပြီး BRICS
၏ ရလဒ်တစ်ခုဖြစ်သော Innovation Diary ဆိုသည့် Internet Webpage တစ်ခု သည် ကမ္ဘာ့ဖွံ့ဖြိုးဆဲမိသားစုများ၏
အသံ တစုတစည်းပေါ်ထွက်ရာ စင်္ကြံတစ်ခုအဖြစ် မြင်တွေ့ရမည် ဖြစ်ပါကြောင်း။
BRICS Media သည် ဖွံ့ဖြိုးဆဲတို့၏ အမှန်အကန် တိုးတက်ဖြစ်ထွန်းမှုများကို
ကိုယ်စားပြု ဖွင့်ဟပေးပြီး နေရာစုံမှ ကမ္ဘာ့ပြည်သူများ ကြားနိုင်၊ မြင်နိုင်အောင် ကြိုးစားဆောင်ရွက်ပေးနေခြင်း
ဖြစ်ပါကြောင်း၊ BRICS အဖွဲ့ဝင် နိုင်ငံမဟုတ်သော်လည်း မြန်မာနိုင်ငံသည်လည်း ကမ္ဘာ့နိုင်ငံများစွာနှင့်အတူ
လက်တွဲပူးပေါင်းပြီး မီဒီယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတွင် တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်လျက်
ရှိပါကြောင်း၊ ထို့ကြောင့် ယခုလို သာတူညီမျှပြီး ဘက်လိုက်မှုမရှိသည့် အနာဂတ်ဆီကို အတူတူလမ်းဖောက်ကြပါ
စို့ဟု ပြောကြားသည်။
စားပွဲဝိုင်းဆွေးနွေးပွဲ
ဆက်လက်၍ ဝင်ရိုးစုံကမ္ဘာကြီးတွင် တည်ငြိမ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို
အားကောင်းစေသည့် BRICS Media အသိုက် အဝန်း၏အခန်းကဏ္ဍ ခေါင်းစဉ်ဖြင့် စားပွဲဝိုင်းဆွေးနွေးပွဲကို
ကျင်းပရာ BRICS အဖွဲ့ဝင်နိုင်ငံများမှ မီဒီယာဆိုင်ရာ အကြီးအကဲများက ပါဝင်ဆွေးနွေးကြပြီး
BRICS Media Summit ပထမနေကို ရပ်နားလိုက်သည်။
ပြည်ထောင်စု ဝန်ကြီးသည် BRICS မီဒီယာဓာတ်ပုံပြပွဲနှင့် BRICS Media
Summit တက်ရောက်စဉ် ကာလအတွင်း ရုရှားနိုင်ငံမှ သတင်းဌာနကြီးများဖြစ်သော IZVESTIA
TV Channel၊ Channel 1 TV ၊ Tass ရုပ်သံနှင့် သတင်းစာ၊ Russia Today၊ Svobodnaya ရုပ်သံနှင့်
တရုတ်နိုင်ငံမှ CGTN သတင်းဌာနတို့နှင့် တွေ့ဆုံပြီး ရုရှား-မြန်မာချစ်ကြည် ရေး၊ ရုရှား-မြန်မာ
မီဒီယာပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာများ၊ မြန်မာနိုင်ငံ၏ ပကဓိဖြစ်ရပ်မှန် အခြေအနေများ၊
BRICS အဖွဲ့ကြီး၏အရေးပါမှု အခန်းကဏ္ဍတို့နှင့် စပ်လျဉ်း၍ မေးမြန်းချက်များကို ဖြေကြားခဲ့သည်။
ညနေပိုင်းတွင် The State
Academic Boishoi Theater of Russia ၌ ကျင်းပသည့် ရုရှား သတင်းဌာန Tass ၏ နှစ် (၁၂၀)
မြောက် နှစ်ပတ်လည်နေ့ အထိမ်း အမှတ် ရုရှားရိုးရာယဉ်ကျေးမှု အနုပညာ ဖျော်ဖြေတင်ဆက်ပွဲသို့
တက်ရောက် ကြည့်ရှုအားပေးကြသည်။
ယနေ့ ကျင်းပသည့် BRICS Media Summit သို့ အဖွဲ့ဝင်နိုင်ငံ များအပါအဝင်
ကမ္ဘာ့နိုင်ငံပေါင်း ၄၅ နိုင်ငံကျော်၏ မီဒီယာဆိုင်ရာ အဖွဲ့အစည်းများမှ တာဝန်ရှိသူ များ
တက်ရောက်ခဲ့ကြကြောင်းသိရသည်။
စက်တင်ဘာ ၁၅ ရက်တွင် BRICS Media Summit ဒုတိယနေ့အဖြစ် ဆက်လက်ကျင်းပရာ
ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်း
အုန်းနှင့်အဖွဲ့တို့ တက်ရောက်ကြသည်။
ယနေ့ကျင်းပသည့် “ BRICS ၏ မီဒီယာ : ကမ္ဘာသစ်တစ်ခုဆီသို့ နည်းပညာဆိုင်ရာ
အသွင်ကူးပြောင်းခြင်း” ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပ ရာ BRICS အဖွဲ့ဝင်နိုင်ငံများမှ
မီဒီယာဆိုင်ရာ အကြီးအကဲများ တက်ရောက်ဆွေးနွေးကြသည်။
မွန်းလွဲပိုင်းတွင် BRICS Media Summit ၏ သဘောတူညီချက်တစ်ရပ်ကို ထုတ်ပြန်ပြီး
ပိတ်ပွဲ အခမ်းအနားကို ကျင်းပသည်။
ညပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးသည် BRICS Media Summit သို့ တက်ရောက်လာကြသူများနှင့်အတူ
Metorpol Hotel ၌ ကျင်းပသည့် ညစာစားပွဲသို့ တက်ရောက်ခဲ့သည်။
သတင်းစဉ်
No comments