ပြည်ထောင်စုဝန်ကြီး ဦးလှမိုး UNDP မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်ကို လက်ခံတွေ့ဆုံ ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး
နေပြည်တော် စက်တင်ဘာ ၁၈
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့ နံနက်ပိုင်းက UNDP မှ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Titon Mitra ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို အဆိုပါဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် UNDP တို့ ပူးပေါင်း၍ “အသိုက်အဝန်း ပြန်လည်ထူထောင်ရေးနှင့် ကြံ့ကြံ့ ခံနိုင်စွမ်းတိုးမြှင့်ပေးရေး လုပ်ငန်းစီမံချက်” အကောင်အထည်ဖော်ရေးကိစ္စရပ်များ၊ စီမံကိန်း လုပ်ငန်းများအတွက် M & E စစ်ဆေးခြင်း၊ ကွင်းဆင်းစစ်ဆေးခြင်း၊ နည်းပညာထောက်ပံ့မှုဆိုင်ရာ ကိစ္စရပ်များ၊ ENCORE စီမံချက် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှုများ၊ Cash for Work လုပ်ငန်းများနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ထောက်ပံ့ဆောင်ရွက်ပေးခဲ့မှုများ၊ ဆိုလာရေ ရရှိရေးလုပ်ငန်းများ၊ မြစိမ်းရောင်ကျေးရွာစီမံကိန်းများ၊ VDP စီမံကိန်းများနှင့် ရန်ပုံငွေ ရရှိ ခွဲဝေ အသုံးပြုမှုဆိုင်ရာများ၊ ကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော် ဆောင်ရွက်မည့် အစီအမံများနှင့် UNDP အဖွဲ့နှင့် အတူလက်တွဲဆောင်ရွက်သွားမည့် အစီအစဉ်များကို ရင်းနှီးပွင့်လင်းစွာဖြင့် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သည် ဒုတိ ယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများ နှင့်အတူ ယနေ့ မွန်းလွဲပိုင်းတွင် ပျဉ်းမနားမြို့၊ မြို့ဦးဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ကာ ယာယီရေဘေးကာကွယ်ရေးစခန်းတွင် ရောက်ရှိနေသည့် ပျဉ်းမနားမြို့နယ် ကျွန်းဦး၊ ကွက်သစ်၊ ဆင်သေ၊ ဈေးကုန်း၊ ဇေယျာသီရိမြို့နယ် သာယာကုန်းကျေးရွာတို့မှ ရေဘေးသင့်ပြည်သူများကို တွေ့ဆုံအားပေးကာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးတို့က ဘုန်းတော်ကြီးကျောင်းရှိ ရေဘေးသင့်ပြည်သူများအတွက် ဆန်၊ ဆီ အပါအဝင် စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန် ပစ္စည်းများကို ထောက်ပံ့ပေးအပ်သည်။
ယင်းနောက် ရေဘေးသင့်ခဲ့သည့် ပျဉ်းမနားမြို့နယ်၊ ကျွန်းဦးကျေးရွာသို့သွားရောက်ကာ လူနေအိမ်များ ရေကြီးနစ်မြုပ်နေမှုအခြေအနေများ၊ ကျေးရွာချင်းဆက်လမ်းများ ပျက်စီးမှုအခြေ အနေများကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ကျေးရွာအတွင်း ဝင်ရောက်လျက်ရှိသောရေများ အမြန်ဆုံးလျော့ကျစေရေးအတွက် ရေထွက် ပေါက်များ အမြန်ဆုံးဆောင် ရွက်ပေးရန်နှင့် ရေကျသွားပါက လမ်းပန်းဆက်သွယ်ရေးများ မပြတ်တောက်စေရေး၊ သွားလာမှုအဆင်ပြေစေရေးနှင့် သန့်ရှင်းသောသောက်သုံးရေများ ရရှိရေးတို့ကို အမြန်ဆုံးဆောင်ရွက်ပေးသွား ရန်နှင့် ရေရှည်ကောင်းမွန်ရေးပြန်လည်ပြုပြင် ဆောင်ရွက်မည့် အစီအမံများတင်ပြသွားရန် ဆွေးနွေးမှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မိုးအဆက်မပြတ် ရွာသွန်းပြီး ဆင်သေချောင်းရုတ်တရက်ရေကြီးရေလျှံမှုကြောင့် ရေဘေးသင့်ခဲ့သည့် ဇေယျာသီရိ မြို့နယ်၊ ရွာသစ်ကျေးရွာသို့ရောက်ရှိပြီး ကျေးရွာအတွင်း ရေကြီးနစ်မြုပ်ခဲ့သည့် စက်ရေတွင်းများ၊ လက်တူး တွင်းများကို တွင်းဆေးလေမှုတ်ဆောင်ရွက်ခြင်း၊ ကလိုရင်းဆေးခတ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများ၊ ကျေးရွာချင်းဆက်လမ်းများ၊ မိုးစပါးစိုက်ခင်းများ ရေတိုက်စားပျက်စီးမှု အခြေအ နေများ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ကျေးရွာနေပြည်သူများ ရေကြောင့်ဖြစ်ပွားတတ်သော ရောဂါများမဖြစ်ပွားစေရေး သောက်သုံးရေများ အမြန်ဆုံးရရှိရေး ဆောင်ရွက်ပေးရန်နှင့် ရေတိုက်စားပျက်စီးသွားသော စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ပြန်လည်ဆောင်ရွက်နိုင်ရေး အတွက် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားသည်။
ဆက်လက်၍ တပ်ကုန်းမြို့ နယ်အတွင်းရှိ ရန်ကုန်-မန္တလေး လမ်းဟောင်းမှ ရွှေမြို့(အရှေ့)-ရွှေမြို့(အနောက်) ဆက်သွယ်ထားသော သစ်သားတံတား ရေတိုက်စား ပျက်စီးသွားမှု အခြေအနေ ကို သွားကြည့်ရှုစစ်ဆေးရာ ပြည်ထောင်စုဝန်ကြီးက သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ယခု ရွှေမြို့(အရှေ့)- ရွှေမြို့(အနောက်)ဆက်သွယ်ထားသော ဆင်သေချောင်းကူးတံတားအပြင် ရေကြီး ရေလျှံမှုများကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် အခြားတံတားများကိုလည်း အများပြည်သူသွား လာရေး အဆင်ပြေစေရန်နှင့် လမ်းပန်းဆက်သွယ်မှု မပြတ်တောက် စေရေး ယာယီတံတားများကို အမြန်ဆုံးဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ ရေကြီးရေလျှံမှုများ လျော့ပါးသွားချိန်တွင် ပျက်စီး သွားသောတံတားများ ပြန်လည်ပြုပြင်တည်ဆောက်ရာ တွင်လည်း ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် သဘာဝဘေးဒဏ်များခံနိုင်ရေးတို့အတွက် စနစ်တကျ ထည့်သွင်းတွက်ချက်ပြီး ပြန်လည်ပြင်ဆင် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ဆွေးနွေးမှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပုပ္ဗသီရိမြို့နယ်ရှိ ကျည်တောင်ကန်-ဇီးကုန်း-လေသာကျေး ရွာချင်းဆက် လမ်းတစ်လျှောက် ကတ္တရာလမ်းနှင့် လမ်းပခုံးများ ချောင်းရေတိုက်စား ပျက်စီးမှုအခြေအနေများနှင့် အဆိုပါကျေးရွာချင်းဆက် လမ်းပေါ် ရှိ အရှည်ပေ ၄၅၀ ၊ အကျယ် ၂၄ ပေရှိ ဆင်သေချောင်းကူးတံတားမှာ ဆင်သေချောင်းတစ်လျှောက် ရုတ်တရက်ရေကြီးရေလျှံမှုများကြောင့် တံတားကမ်းကပ်ခုံများ ပျက်စီးခြင်း၊ ချဉ်းကပ်လမ်းရေ တိုက်စား၍ လမ်းတာပေါင်ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့သဖြင့် လမ်းပန်းဆက်သွယ်မှု မပြတ်တောက် စေရေး ဘေလီတံတားထိုး၍ ပြင်ဆင်ဆောင် ရွက်ပြီးစီးမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးကာ ပြည်ထောင်စုဝန်ကြီးက ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ပေးရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲရေး ပြန်လည်ပြုပြင်ဆောင်ရွက်မည့် အစီအမံများ ပြန်လည်တင်ပြသွားရန် ဆွေးနွေးမှာကြားသည်။ပုပ္ဗသီရိမြို့နယ် ကျည်တောင်ကန် - ဇီးကုန်း - လေသာ ကျေးရွာချင်း ဆက်လမ်းပေါ်ရှိ ဆင်သေချာင်းကူးတံတားကို ဘေလီတံတားထိုး ပြင်ဆင်ပြီးဖြစ်ပါသဖြင့် အများပြည်သူများ ဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
No comments