ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် အီရန်သမ္မတ မာဆော့ပီဇက်ရှ်ကီရန်တို့ နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ရန် သဘောတူညီ



မော်စကို အောက်တိုဘာ ၁၂

 

ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် အီရန်သမ္မတ မာဆော့ပီဇက်ရှ်ကီရန်တို့သည် နှစ်နိုင်ငံဆက်ဆံရေး ကို တိုးမြှင့်ရန် သဘောတူညီခဲ့ကြောင်း သိရသည်။

 

ခေါင်းဆောင်နှစ်ဦးတို့သည် အောက်တိုဘာ ၁၁ ရက်က တာ့ခ်မင်နစ္စတန်နိုင်ငံ မြို့တော် အက်ရှ်ဂါဘတ်၌ ကျင်းပသည့် နိုင်ငံတကာဖိုရမ်တွင် တွေ့ဆုံခဲ့သည်။

 

အဆိုပါတွေ့ဆုံမှုသည် အီရန်သမ္မတ မာဆော့ ပီဇက်ရှ်ကီရန် သမ္မတရာထူးစတင်ထမ်းဆောင်သည့် ယခုနှစ် ဇူလိုင်လမှစပြီး ပထမဆုံး လူချင်းတွေ့ဆုံမှု ဖြစ်သည်။

 

ရုရှားနှင့် အီရန်တို့သည် နိုင်ငံတကာ နယ်ပယ်တွင် အနီးကပ် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရာတွင် ဆုံးဖြတ်ချက် ချမှတ်မှုများတူညီကြောင်း သမ္မတ ပူတင်က ပြောကြားသည်။

 

နှစ်နိုင်ငံ ဆက်ဆံရေးကို ဆက်လက်ခိုင်မြဲစေရန်နှင့် အပြန်အလှန် ပံ့ပိုးကူညီသင့်ကြောင်း အီရန် သမ္မတ မာဆော့ပီဇက်ရှ်ကီရန်က ပြောကြားသည်။

 

ရုရှားနိုင်ငံအလယ်ပိုင်း ကာဇန်မြို့၌ အောက်တိုဘာ ၂၂ ရက်တွင် စတင်ကျင်းပမည့် ထွန်းသစ်စနိုင်ငံများ၏ ထိပ်သီးဆွေးနွေးပွဲ (BRICS)တွင် ခေါင်းဆောင်နှစ်ဦး ထပ်မံတွေ့ဆုံ ဆွေးနွေးမည်ဖြစ်ကြောင်း အတည်ပြုခဲ့သည်။

 

အမေရိကန်နှင့် ဥရောပသမဂ္ဂတို့သည် မော်စကိုနှင့် တီဟီရန်၏ ဆက်ဆံရေးကြီးထွားလာမှုအပေါ် စိုးရိမ်လျက်ရှိသည်။

 

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်

 

No comments

Powered by Blogger.