ကျိုက္ခမီဆုတောင်းပြည့် ရေလယ်ဆံတော်ရှင်မြတ်ဘုရားကြီးတွင် ဘုရားဖူးလာပြည်သူများဖြင့် စည်ကားလျက်ရှိ
သံဖြူဇရပ် အောက်တိုဘာ ၁၉
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ကျိုက္ခမီဆုတောင်းပြည့် ရေလယ်ဆံတော်ရှင်မြတ်ဘုရားကြီးတွင် သီတင်းကျွတ်လပြည့်ကျော် ၂ ရက်နေ့ဖြစ်သည့် ယနေ့တွင် နံနက်ပိုင်းမှစ၍ ဘုရားဖူးလာ ပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ဘုရားဖူးလာပြည်သူများအနေဖြင့် သီတင်းကျွတ်ကာလ ကျောင်းပိတ်ရက်၊ ရုံးပိတ်ရက်များ၌ အနယ်နယ်အရပ်ရပ်မှ ရောက်ရှိလာကြပြီး စိတ်အေးချမ်းမြေ့စွာဖြင့် ဆုတောင်းပြည့်ရေလယ် ဆံတော်ရှင်မြတ်ဘုရားကြီးအား ဖူးမျှော်ကန်တော့ခြင်းနှင့် ငါးစာများကျွေးမွေးခြင်းများဖြင့် ကုသိုလ်ယူခြင်း၊ ဘုရားဖူးလာ ရဟန်းသံဃာတော်များအား ဘုရားကြီးပုရဝုဏ်အတွင်းရှိ ရေလယ်ဘုန်းတော်ကြီးကျောင်းတွင် အရုဏ်ဆွမ်း၊ နေ့ဆွမ်းများကပ်လှူခြင်းတို့ကို သီတင်းကျွတ်လပြည့်နေ့မှစ၍ လပြည့်ကျော် ၅ ရက်နေ့အထိ (၆)ရက်တိုင်တိုင် လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
(မြို့နယ် ပြန်/ဆက်)

No comments