ဇမ္ဗူသီရိမြို့နယ် ဂုဏ်မင်းအင်းကျေးရွာတွင် မီးလောင်ကျွမ်းမှုဖြစ်ပွား



ဇမ္ဗူသီရိ အောက်တိုဘာ ၁၉


ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ တဲကြီးကုန်းအုပ်စု၊ ဂုဏ်မင်းအင်းကျေးရွာတွင် ယမန်နေ့ ည နာရီခန့်က နေအိမ်မီးလောင်မှုဖြစ်ပွားခဲ့သည်။


ဖြစ်စဉ်မှာ ဂုဏ်မင်းအင်းကျေးရွာ၊ ရွာထိပ်ပိုင်းရှိ အုတ်ညှပ်သွပ်မိုးထရံကာ နှစ်ထပ်နေအိမ်အပေါ်ထပ် ဘုရားစင်တွင် အောက်ခံခွက်မပါဘဲ ဖရောင်းတိုင်မီးပူဇော်ရာမှ မီးလောင်မှုစတင်ဖြစ်ပွားကြောင်း ည နာရီ ၂၀ မိနစ်တွင် သတင်းရရှိသဖြင့် မီးလောင်မှုဖြစ်ပွားရာနေရာသို့ ဒက္ခိဏခရိုင် မီးသတ်ဦးစီးဌာနမှ မီးငြှိမ်းသတ်ယာဉ်များဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ နာရီ ၄၅ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။


အဆိုပါမီးလောင်မှုကြောင့် လူနေအိမ် ()လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး လူနှင့်တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။
ဟိန်းသူအောင် (ပြန်/ဆက်)

No comments

Powered by Blogger.