ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း တီကျစ်ကျောက်မီးသွေးသုံး ရေနွေးငွေ့ဓာတ်အားပေးစက်ရုံ၏ လျှပ်စစ် ဓာတ်အားထုတ်လုပ်နေမှု ကြည့်ရှုစစ်ဆေး



နေပြည်တော် အောက်တိုဘာ၁၄


လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ရှမ်းပြည်နယ် သယံဇာတရေးရာ ဝန်ကြီး ဦးစိုင်းလိတ်နှင့်အတူ ယမန်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ် တောင်ပိုင်း ပင်လောင်းမြို့နယ်ရှိ တီကျစ်ကျောက်မီးသွေးသုံး ရေနွေးငွေ့ဓာတ်အားပေးစက်ရုံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်နေမှုကို သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက အမှတ်(၁)စက်ကို လည်ပတ်နိုင်ပြီဖြစ်၍ အမှတ်(၂) ဓာတ်အားပေးစက်ကို အမြန်ဆုံးပြန်လည်မောင်းနှင်၍ ဓာတ်အားထုတ်လုပ်နိုင်ရေး အားလုံး ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်သွားကြရန်၊ ဓာတ်အားပေးစက်များ ပုံမှန်လည်ပတ်ထုတ် လုပ်နိုင်ရန်အတွက် စက်များ၏ ကြံ့ခိုင်ရေးကိုလည်း စနစ်တကျစီမံချက်ရေး ဆွဲဆောင်ရွက်သွားရန်နှင့် အဆင့်()အဖြစ် ဆောင်ရွက်လျက်ရှိသော ကျောက်မီးသွေးအခြောက်ခံစက် တည်ဆောက်ခြင်းလုပ်ငန်းများ အမြန်ပြီးစီး နိုင်ရေးဆောင်ရွက်သွားရန် မှာကြားပြီး ဓာတ်အားထိန်းချုပ်ခန်းအတွင်း အမှတ်(၁) ဓာတ်အားပေးစက် ပြန်လည်လည်ပတ်၍ နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်ပြီး လျှပ်စစ်ဓာတ်အားများ ပို့လွှတ်ပေးနေမှုကို ကြည့်ရှုစစ်ဆေးသည်။  


ဆက်လက်၍ တာဘိုင်စက်ခန်းများအတွင်း ဓာတ်အားပေးစက်များ မောင်းနှင်၍ ဓာတ်အားထုတ်လုပ် ပေးနေမှု၊ ဓာတ်အားပေးစက်များ ထိန်းသိမ်း ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု၊ ကျောက်မီးသွေး အခြောက်ခံစက် တည်ဆောက်ခြင်း လုပ်ငန်းများ ၆၅ ရာခိုင်နှုန်း ဆောင်ရွက်ပြီး စီးမှုနှင့် လက်ရှိလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဧဒင်စွမ်းအင်နှင့် သဘာဝအရင်းအမြစ်များ ဖွံ့ဖြိုးတိုး တက်ရေး ကုမ္ပဏီလီမိတက်၏ ကျောက်မီးသွေးတူးဖော်ရေးလုပ်ကွက်သို့ ရောက်ရှိပြီး ရေကြီးမှုကြောင့် ကျောက်မီးသွေးတူးဖော်ရေး လုပ်ကွက်အတွင်း ပျက်စီးခဲ့မှုများ၊ မြေပြိုကျမှုများနှင့် ကျောက်မီးသွေး တူးဖော် ထုတ်လုပ်ရန် အပေါ်ယံမြေကြီးများကို စက်ယန္တရားကြီးများဖြင့် ဖယ်ရှားရှင်းလင်းနေမှု၊ ရေနစ်မြုပ်သွားသော ကျောက်မီးသွေးပြင်အား အမြန်ထုတ်လုပ်ရရှိရန် အပိုင်းလိုက်ကန့်၍ ရေများ ပြန်လည်စုပ်ထုတ်ခြင်း ဆောင်ရွက်နေမှုနှင့် ပျက်စီးသွားသော ကျောက်မီးသွေး သယ်ထုတ်လမ်းပိုင်းများ အသစ်ပြုပြင် ဖောက်လုပ်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။


ထို့နောက် တီကျစ်ဓာတ်အားပေးစက်ရုံ အအေးပေး စနစ်အတွက် ရေပေးပို့လျက်ရှိသော ဘီလူးချောင်းအနီး တည်ဆောက်ထားသည့် ဘီလူးချောင်းရေပန့်ရုံသို့ ရောက်ရှိပြီး မိုးသည်းထန်စွာရွာသွန်း၍ ရေကြီး ရေလျှံမှုကြောင့် ရေပန့်ရုံအဆောက်အဦ ရေနစ်မြုပ်ခဲ့မှု၊ ရေပန့်ရုံနှင့် ရေဝင်လမ်း ကြောင်းအတွင်း ရေများ စုပ်ထုတ်ပြီးစီးမှု၊ နုန်းများ ဖယ်ရှားရှင်းလင်းပြီးစီးမှု၊ ပန့်နှင်ဆက်စပ်ပစ္စည်းများ၊ Control Panel များ၊ ထရန်စဖော်မာများ စစ်ဆေးပြုပြင်ဆောင်ရွက်ပြီးစီးမှုနှင့် ပန့်များကို အလှည့်ကျမောင်းနှင်၍ စက်ရုံသုံးရေကို ပြန်လည်ပေးပို့နေမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။


အဆိုပါ တီကျစ်ကျောက်မီးသွေးသုံး ရေနွေးငွေ့ဓာတ်အားပေးစက်ရုံသည် ရှမ်းပြည်နယ် တောင်ပိုင်း ပင်လောင်းမြို့နယ်တွင်တည်ရှိပြီး နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးရန် တည်ဆောက်ခဲ့ခြင်းဖြစ်ကာ စက်တပ်ဆင်အင်အားမှာ ၆၀ မဂ္ဂါဝပ်ရှိ ဓာတ်အားပေးစက်နှစ်လုံးဖြင့် စုစုပေါင်း တပ်ဆင်အင်အား ၁၂၀ မဂ္ဂါဝပ်ဖြစ်ပြီး ဒီဇိုင်းအရ တစ်နှစ်ထုတ်လုပ်နိုင်မည့် ဓာတ်အားမှာ ၉၆၀ ကီလိုဝပ် နာရီသန်းပေါင်းဖြစ်ပြီး ထွက်ရှိလာသော လျှပ်စစ်ဓာတ်အားများကို ၁၃၂ ကေဗွီ တီကျစ်-လောပိတ ဓာတ်အားလိုင်း၊ ၁၃၂ ကေဗွီ တီကျစ်-လွိုင်ကော်ဓာတ်အားလိုင်းနှင့် ၁၃၂ ကေဗွီ တီကျစ်-ကလော ဓာတ်အားလိုင်းတို့ဖြင့် နိုင်ငံတော်ဓာတ် အားစနစ်သို့ ချိတ်ဆက်၍ လျှပ်စစ်ဓာတ်အားများ ပို့လွှတ်ဖြန့်ဖြူး ပေးလျက်ရှိရာ ရာဂီမုန်တိုင်း အရှိန်ဖြင့် မိုးသည်းထန်စွာ ရွာသွန်း၍ ရေကြီးရေလျှံမှုကြောင့် ကျောက်မီးသွေး လုပ်ကွက်အတွင်း မြေပြိုကျမှုများ၊ ထုတ်ယူဆဲ ကျောက်မီးသွေး ရေနစ်မြုပ်မှုများ၊ ကျောက်မီးသွေးသယ် ထုတ်လမ်းပိုင်းများ ပြိုကျပျက်စီးခဲ့ခြင်းနှင့် တီကျစ်ဓာတ်အားပေးစက်ရုံ အအေးပေးစနစ်အတွက် ရေပေးပို့ လျက်ရှိသော ဘီလူးချောင်း ရေပန့်ရုံရေနစ်မြုပ်ပြီး ပန့်နှင့်ဆက်စပ် ပစ္စည်းများ ရေနစ်မြုပ်ပျက်စီးခြင်းတို့ ဖြစ်ပေါ်ခဲ့သဖြင့် ဓာတ်အားထုတ်လုပ်မှုများရပ်နားခဲ့ရပြီး ဓာတ်အားအမြန်ဆုံး ပြန်လည်ထုတ်လုပ် ပို့လွှတ်ပေးနိုင်ရန်အတွက် ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ အမှတ်() ဓာတ်အားပေးစက်ကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁၁ ရက်တွင် ပြန်လည်လည်ပတ်၍ နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်ပြီး လျှပ်စစ်ဓာတ်အားများ ပြန်လည်ပို့လွှတ်ပေးနိုင်ခဲ့ပြီး အမှတ်(၂) ဓာတ်အားပေးစက်ကို ပြန်လည်လည်ပတ် ဓာတ်အား ထုတ်လုပ်နိုင်ရေးနှင့် လိုအပ်သော ကျောက်မီးသွေးများ အချိန်မီထုတ်ယူရရှိနိုင်ရေး  ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)   

No comments

Powered by Blogger.