ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက ထိန်းသိမ်းထားသော ရေလှောင်တမံနှင့် ရေထိန်းတမံများ ကြံ့ခိုင်မှုကောင်းမွန်လျက်ရှိပြီး စိုးရိမ်ရန်မရှိ

 



နေပြည်တော် အောက်တိုဘာ ၂၁


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် ထိန်းသိမ်းထားသော ရေလှောင်တမံနှင့် ရေထိန်းတမံစုစုပေါင်း (၁၂)ခုရှိရာ ယနေ့၌ ပေါင်းလောင်းရေလှောင်တမံတွင် (၃ ဒသမ ၃၇)ပေ ကန်ရေပြည့်အမှတ်အထက် ကျော်လွန်၍ ရေပိုလွှဲမှ ရေကျော်စီးဆင်းနေပြီး ယခင်နေ့နှင့် နှိုင်းယဉ်ပါက ရေကျော်စီးဆင်းမှုအခြေအနေမှာ (၀ ဒသမ ၁၃)ပေ လျော့နည်းခြင်းဖြစ်သည်။ ရေပိုလွှဲ၏ ကန်ရေပြည့်ရေမှတ်အထက်တွင် HED ရေတံခါး(၁၈)ချပ် ထောင်ထားသည်။


အဆိုပါရေလှောင်တမံများ၏ ကြံ့ခိုင်မှုအခြေအနေမှာ ကောင်းမွန်လျက်ရှိပြီး တာဝန်ကျ ဝန်ထမ်းများအား (၂၄)နာရီ ရေကင်းတာဝန်ချထား၍ အနီးကပ်စောင့်ကြပ် စစ်ဆေးလျက်ရှိကြောင်းနှင့် စိုးရိမ်ရန်မရှိကြောင်း သိရသည်။


သတင်းစဉ်

No comments

Powered by Blogger.