နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) အရာထမ်းငယ်သင်တန်း အမှတ်စဉ်(၁၃၁) သင်တန်းဖွင့်
ရန်ကုန် အောက်တိုဘာ ၂၁
အရာထမ်းငယ်သင်တန်း အမှတ်စဉ်(၁၃၁) သင်တန်းဖွင့်ပွဲ အခမ်းအနားကို နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)၊ ရတနာသိင်္ဃခန်းမ၌ ယနေ့ နံနက် ၈ နာရီတွင် ကျင်းပရာ ပါမောက္ခချုပ် ဦးကျော်ထွေးက သင်တန်းဖွင့်မိန့်ခွန်း ပြောကြားသည်။
သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှူးများ၊ ပညာဌာနများမှ ပါမောက္ခများ၊ သင်ကြားပို့ချမည့် ဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြပြီး ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများမှ သင်တန်းသား (၁၇၅)ဦး၊ သင်တန်းသူ (၁၉၆)ဦး၊ စုစုပေါင်း (၃၇၁)ဦးတို့ တက်ရောက်ကြောင်းနှင့် သင်တန်းကာလမှာ အောက်တိုဘာ ၂၁ ရက်မှ ဇန်နဝါရီ ၁ ရက်အထိ တက်ရောက်ရမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments