ဒဂုံမြို့သစ်(တောင်ပိုင်း)နှင့် တာချီလိတ် မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများဖမ်းဆီးရမိ



နေပြည်တော် အောက်တိုဘာ ၁၁


မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၉ ရက် မွန်းလွဲ ၂ နာရီခွဲတွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၁၉)ရပ်ကွက်၊ မြိတ်လမ်းတွင် မသင်္ကာဖွယ်တွေ့ရှိသူ သက်ဇော်ဦး နှင့် သိန်းဝင်း(ခ)တရုတ်ကြီးတို့ ၂ ဦးကို စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၇၀,ဝ၀ဝ  ကိုလည်းကောင်း။


အောက်တိုဘာ ၁၀ ရက် ညနေ ၅ နာရီ ၁၅ မိနစ်တွင် တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်တွင် အိုက်ခမ်း မောင်းနှင်ပြီး အိုက်ထိုက်(ခ)လီဟွာ လိုက်ပါလာသည့် TOYOTA CROWN အမျိုးအစား မော်တော် ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ပြောင်းဆေးဝါး ကက်တမင်း ၇၀ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်း လဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

(သတင်းစဉ်) 

No comments

Powered by Blogger.