ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ အားကစားကွင်း/အားကစားရုံများ ကြည့်ရှုစစ်ဆေး



ရန်ကုန် အောက်တိုဘာ  ၁၄


အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံသည် ဧရာဝတီတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ကန်ကြီး ထောင့်မြို့နယ်ရှိ မိုးလုံလေလုံအားကစားခန်းမကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကန်ကြီးထောင့်မြို့နယ်ရှိ အားကစားကွင်း မီတာ (၄၀၀) မြေသားလမ်းပါဘောလုံးကွင်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းခွင်ကို သွားရောက်ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူ များကို လိုအပ်သည်များ မှာကြားသည်။


မွန်းလွဲပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနမှ အရာထမ်း /အမှုထမ်းများနှင့် တွေ့ဆုံ၍ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနဖြစ်သည့်အတွက်  အားကစားကဏ္ဍတွင်သာမက လူငယ်ရေးရာကဏ္ဍများပါ ဝိုင်းဝန်းကူညီ ပူး‌ပေါင်းဆောင်ရွက်ကြရန် မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက် များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးသည်။


ညနေပိုင်းတွင်  ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်နှင့် တာဝန်ရှိသူများသည် အားကစားနှင့် ကာယပညာသိပ္ပံ ကျောင်းတည်ဆောက်ခြင်း၏ အဝင်မုဒ်ဦး၊ အုတ်တံတိုင်း၊ ခြံစည်းရိုး၊ (ပေ ၁၃၀၀ x ၇ပေ) နှင့် (၅၇၃၉ပေx၇ပေ) ကာရံခြင်း၊ မိုးလုံလေလုံ အားကစားရုံပေ(၁၂၀x၉၀) တည်ဆောက်နေသည့် လုပ်ငန်းခွင်သို့ သွားရောက် ကြည့်ရှုစစ်ဆေး၍ အရည်အသွေးပြည့်မီပြီး သတ်မှတ်အချိန်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်ရန်နှင့် လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)

No comments

Powered by Blogger.