ဒုတိယဝန်ကြီး ဦးအေးကျော် ရေတိုက်စားပြီး ယိုင်လဲပျက်စီးသွားခဲ့သည့် ဓာတ်အားလိုင်းများ ပြန်လည်ပြုပြင် တည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး




နေပြည်တော် နိုဝင်ဘာ ၄


လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော်သည် နိုဝင်ဘာ ၂ ရက် မွန်းလွဲ ပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ ကလောမြို့၌ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ပြီး ရေတိုက်စား မှုကြောင့် ယိုင်လဲပျက်စီးသွားခဲ့သည့် နမ့်ပန်တက်ကျေးရွာသို့ သွယ်တန်းထားသည့် ၁၁ကေဗွီ ဓာတ်အားလိုင်းများကို ဌာနမှလျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများဖြင့် ပြန်လည်ပြုပြင် တည်ဆောက် ခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှု အားပေးစကားပြောကြားသည်။


ညနေပိုင်းတွင် ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသတွင် ရေကြီးရေလျှံမှုများကြောင့် ထရန်စဖော် မာများရေနစ်မြုပ်ခဲ့ပြီး ယာယီဓာတ်အား ဖြတ်တောက်ထားခဲ့ရသည့် ထရန်စဖော်မာနှင့် ဓာတ်အားလွှတ် ပစ္စည်းများကို ကျွမ်းကျင်ပညာရှင်များဖြင့် စနစ်တကျ စစ်ဆေးစမ်းသပ်ပြီး ကောင်းမွန်မှုရှိ သည့် အလိုတော်ပေါက်ဘုရားအနီးရှိ ကုန်းကယ်ရေလယ်ကျေးရွာ၏ ၁၁/၀.၄ကေဗွီ, ၂၅၀ ကေဗွီအေ ထရန်စဖော်မာအား ဓာတ်အားပြန်လည်ချိတ်ဆက်ပေးခဲ့ပြီး ကျေးရွာသို့  ဓာတ်အားဖြန့်ဖြူးပေးသည်။


၂၀၂၄ခုနှစ် စက်တင်ဘာလအတွင်း ရာဂီမုန်တိုင်း၏ အရှိန်ကြောင့် မိုးများအဆက်မပြတ် ရွာသွန်းပြီး ရေကြီးရေလျှံမှုများကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နှင့် အင်းလေး ဒေသအတွင်းရှိ ကျေးရွာ/ရပ်ကွက်ပေါင်း (၃၁၈)ရွာ ဓာတ်အားပြတ်တောက်ခဲ့ပြီး ဌာနမှကျွမ်းကျင် ဝန်ထမ်းများဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ပြီး စမ်းသပ် စစ်ဆေးမှုမှုများပြုလုပ်ခဲ့ရာ နိုဝင်ဘာ၂ ရက်တွင် ကျေးရွာ/ရပ်ကွက်ပေါင်း (၁၉၇)ရွာအား ဓာတ်အားပြန်လည်ဖြန့်ဖြူးပေးနိုင်ခဲ့ပြီး ကျန်ရှိသော ကျေးရွာ/ရပ်ကွက်များ ဓာတ်အားအမြန်ဆုံး ပြန်လည် ဖြန့်ဖြူးပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


သတင်းစဉ်

No comments

Powered by Blogger.