ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ဌာနပိုင် ဇင်ယော်ရေယာဉ်များ ကြံ့ခိုင်မှုနှင့် ရန်ကုန်အပြည် ပြည်ဆိုင်ရာ လေဆိပ်၌ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်းများဆောင်ရွက်မှု လှည့်လည်ကြည့် ရှုစစ်ဆေး
နေပြည်တော် နိုဝင်ဘာ ၄
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ Yangon Innovation Centre (YIC) ရှေ့ရှိကျန်းမာရေးဆိပ်ခံတံတား၌ ဆိုက်ကပ်ထားသော ရေကြောင်း ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများဆောင်ရွက်သည့် ဌာနပိုင် ဇင်ယော်(၁)၊ (၂)၊ (၃) ရေယာဉ် (၃)စီးကို ရေယာဉ်တစ်စီးချင်းအလိုက် ဝန်ထမ်းများတာဝန် ထမ်းဆောင်မှု ၊ စက်ခန်းများနှင့် ရေယာဉ်တက်မခန်းများ အခြေအနေ၊ ရေယာဉ် တစ်စီးချင်းအလိုက် ဒေါက်တင် ပြင်ဆင်ဆောင် ရွက်ပြီးစီးမှုနှင့် စစ်ဆေးရေးလုပ်ငန်း တာဝန်များ ထမ်းဆောင်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက် ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြား ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ထိုမှတစ်ဆင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ သွားရောက်၍ လေဆိပ်ရှိ CIP Leunge အစည်းအဝေးခန်းမ၌ လေဆိပ်ရှိ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ တာဝန်ထမ်းဆောင် နေသည့် ဝန်ထမ်းများကို တွေ့ဆုံ၍ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဥပဒေ၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ ဖြစ်စေရေး၊ နိုင်ငံတကာ အဆင့်မီ စိစစ်ဆောင်ရွက်နိုင်ရေးနှင့် နည်းပညာ တတ်ကျွမ်း နားလည်စေရေး ကြိုးပမ်းဆောင် ရွက်ကြရန်လိုကြောင်း၊ ထို့ပြင် အမည်မည်းစာရင်း ရေးသွင်းထား သူများ ပြည်ပသို့ ထွက်ခွာခွင့်မပြုမိစေရန် စနစ်တကျ စိစစ်တားဆီးနိုင်ရေးနှင့် အမည်မည်းစာရင်း မရှိသူများကိုမှားယွင်း တားဆီးမှုမရှိစေရေး အလေးအနက်ထား ဂရုပြုဆောင်ရွက်ကြရန်လိုကြောင်း၊ ဝန်ထမ်းများအနေဖြင့် လုံခြုံရေးအသိ၊ လုံခြုံရေးသတိ အမြဲရှိစေရန် လိုအပ်ပြီး ဆက်စပ်ဌာနများနှင့်လည်း ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ကြရန် လိုကြောင်း ရှင်းလင်းမှာကြားကာ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ထို့နောက် လေဆိပ်အတွင်းရှိ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပြည်ပထွက်ခွာစစ်ဆေးရေး ကောင်တာများ၌ ဝန်ထမ်းများ၏ လုပ်ငန်းဆောင်ရွက်မှုနှင့် လူဝင်မှုကြီးကြပ်ရေးမှတ်တမ်းများ ထိန်းသိမ်းထားရှိသည့် iBMC ဆာဗာခန်း အခြေအနေ၊ ရက်လွန်ဒဏ်ကြေးအခငွေ ကောက်ခံ ဆောင်ရွက်သည့် ကောင်တာနှင့် အလုပ်သမားဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ရွှေ့ပြောင်း အလုပ်သမားများ သတင်းပို့ ကောင်တာ၊ ပြည်ပဆိုက်ရောက်ကောင်တာများ၌ ဝန်ထမ်းများ၏ လုပ်ငန်း ဆောင်ရွက်မှုနှင့် ဆိုက်ရောက်ဗီဇာ (Visa on Arrival) ဖြင့် ရောက်ရှိလာသည့် ခရီးသည်များ စစ်ဆေးခွင့်ပြုဆောင်ရွက်သည့် ကောင်တာများကို လှည့်လည် ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို လိုက်လံ ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments