တရားမဝင် သစ်မျိုးစုံ၊ စက်သုံးဆီများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များနှင့် မော်တော်ယာဉ်များဖမ်းဆီးရမိ




နေပြည်တော်၊   နိုဝင်ဘာ   ၇


တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။


နိုဝင်ဘာ ၆ ရက်တွင် မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မင်းဘူးခရိုင်နှင့် အောင်လံခရိုင်တို့အတွင်း၌ လိုင်စင်မဲ့မော်တော်ဆိုင်ကယ် (၃) စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၄၀၀,၀၀၀) ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ စလင်း-စေတုတ္တရာလမ်းဆုံ စစ်ဆေးရေးဂိတ်၌ မော်တော်ယာဉ် တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် တရားမဝင် စက်သုံးဆီ ဓာတ်ဆီ (၁၁) ပေပါ၊ ဒီဇယ်တစ်ပေပါ (ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၄၉၆,၈၀၀) နှင့် အဆိုပါ စက်သုံးဆီများ တင်ဆောင်လာသည့် Canter Truck တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၀,၀၀၀,၀၀၀) ကို ‌ရေနံရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၆,၈၉၆,၈၀၀) ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။


ထို့အတူ နေပြည်တော် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ပျဉ်းမနားခရိုင်နှင့် လယ်ဝေးခရိုင်တို့အတွင်း၌ တရားမဝင်ကျွန်းသစ် (၁ ဒသမ ၅၃၆) တန်၊ အခြားသစ် (၁၁ ဒသမ ၂၁၀) တန် စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၇၉၂,၁၁၉) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။


ထို့အပြင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တောင်ဥက္ကလာပမြို့နယ်၊ အမှတ် (၆) ရပ်ကွက်၊ အမှတ် (၈၃) ၌ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း ကိုးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၉၅,၅၀၀) ကို အကောက်ခွန် လုပ်ထုံးလုပ်နည်းများအရ လည်းကောင်း၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေး ဘုရားလမ်းမအနီး၌ လိုင်စင်မဲ့ Nissan March မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၅၀၀,၀၀၀) ကို ပို့ကုန်သွင်းကုန် ဥပဒေအရလည်းကောင်း၊ တိုက်ကြီးမြို့နယ်၌ တရားမဝင် ကျွန်းသစ် (၈ ဒသမ ၄၄)တန်၊ အခြားသစ် (၁ ဒသမ ၃၀၆)တန်နှင့် သစ်စက် ဆက်စပ်ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ်  ၅,၄၉၆,၄၀၀) ကို သစ်တောဥပဒေအရလည်း‌ကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀,၈၉၁,၉၀၀) ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက် ရှိသည်။


ယင်းအပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ နိုဝင်ဘာ ၆ ရက်တွင် ဘုရားကြီးမြို့၊ ရွှေသံလွင် တိုးဂိတ်အနီး၌ ဘားအံမြို့မှ ပဲခူးမြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ် နှစ်စီးပေါ်မှ တရားဝင် စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်း တစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၀၄၀,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Toyota Hilux နှစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀,၀၀၀,၀၀၀) ကို အကောက်ခွန် လုပ်ထုံးလုပ်နည်းများအရလည်းကောင်း၊ နိုဝင်ဘာ ၇ ရက်တွင် တောင်ငူခရိုင်နှင့် ညောင်လေးပင်ခရိုင်တို့၌ တရားမဝင်ကျွန်းသစ် (၄ ဒသမ ၄၄၃) တန်၊ သစ်မာ (၀ ဒသမ ၉၄၈) တန်၊ အခြားသစ် (၁ ဒသမ ၄၇၉) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၃၄၆,၆၀၆)ကို သစ်တော ဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၆,၃၈၆,၆၀၆) ကို ဖမ်းဆီး အရေးယူဆောင်ရွက်လျက်ရှိသည်။


နိုဝင်ဘာ ၆ ရက်နှင့် ၇ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၇) မှု၊ (ခန့်မှန်း တန်ဖိုးငွေကျပ် ၉၄,၉၆၇,၄၂၅) ကို ဖမ်းဆီးရမိခဲ့သည်။ တရားမဝင် တင်သွင်းမှုများကြောင့်

တင်သွင်းလာသည့် ကုန်စည်များအနေဖြင့် အရည်အသွေးပြည့်မီမှု မရှိနိုင်ခြင်းနှင့် စားသုံးသူ ပြည်သူများအတွက် ဘေးအန္တရာယ် ကျရောက်မှုများ ဖြစ်ပေါ်စေနိုင်သည်။ သို့ဖြစ်ပါ၍ တရားမဝင်ကုန်စည်တင်သွင်းမှုများအား သက်ဆိုင်ရာ တာဝန်ရှိသူများမှ ယခုထက်ပိုမို တားဆီးစစ်ဆေး ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီမှ သတင်းရရှိသည်။


သတင်းစဉ်


No comments

Powered by Blogger.