နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ဖမ်းဆီးရမိ



နေပြည်တော်   နိုဝင်ဘာ   ၅


သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် တရားမဝင် သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် (Community Monitoring and Reporting System-CMRS) အပါအဝင်နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိရာ  အောက်တိုဘာ၂၈  ရက်မှ  နိုဝင်ဘာ ရက်အထိ နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၁၄ဒသမ၃၈၅၈)တန်၊ သစ်မာ (၁၁ဒသမ၈၁၄၆)တန်၊ အခြား (၃၂ဒသမ၀၁၄၈)တန်၊ စုစုပေါင်း (၅၈ဒသမ၂၁၅၂)တန်၊ ယာဉ်/ ယန္တရား (၁၈)စီး၊ တရားခံ (၁၅)ဦး ဖမ်းဆီးရမိခဲ့ပါကြောင်း သစ်တောဉီးစီးဌာနမှသိရသည်။

(သတင်းစဉ်)

No comments

Powered by Blogger.