ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း) ပညာရေးဘွဲ့ ၅ နှစ်သင်တန်း အမှတ်စဉ်(၁၂) နှစ်သင်တန်းတက်ရောက်ကြမည့် သင်တန်းသား သင်တန်းသူများအား စိစစ်အတည်ပြုရွေးချယ်
နေပြည်တော် နိုဝင်ဘာ ၅
နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်သည် တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ ၅ ရက်တွင် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း) ပညာရေးဘွဲ့ ၅ နှစ်သင်တန်းအမှတ်စဉ်(၁၂)သို့ တက်ရောက်ကြမည့် သင်တန်းသား သင်တန်းသူများအား စိစစ်အတည်ပြုရွေးချယ်သည်။
ဦးစွာ ဒုတိယဝန်ကြီးသည် ဘွဲ့နှင်းသဘင်ခန်းမ၌ ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်၊ ညွှန်ကြားရေးမှူးများ၊ ပါမောက္ခ/ဌာနမှူးများ၊ဆရာ ဆရာမများ၊ ဝန်ထမ်းများ၊ ပထမနှစ်သင်တန်းသို့ တက်ရောက်မည့် သင်တန်းသား သင်တန်းသူများအား တွေ့ဆုံအမှာစကားပြောကြားပြီး သင်တန်းသား သင်တန်းသူများထားရှိမည့် အိပ်ဆောင်များ၊ စာသင် ဆောင်များ၊ စားရိပ်သာများနှင့် ကျောင်းဝင်းအတွင်း စိုက်ပျိုး/မွေးမြူရေး ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များ မှာကြားသည်။
ထို့နောက် တိုင်းရင်းသားလူငယ်များ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြည်ထောင်စု တိုင်းရင်း သားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း)နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီ ကောလိပ် (ရန်ကုန်၊ စစ်ကိုင်း) တို့သို့ တက်ရောက်ကြမည့် သင်တန်းသား၊ သင်တန်းသူများကို ရွေးချယ်ရာတွင် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း ၄၅ ကျောင်းမှ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီး သတ်မှတ်အမှတ်ပြည့်မီသူများ၊ တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသများမှ ဝင်ခွင့်အရည် အချင်းသတ်မှတ်ချက်နှင့် ကိုက်ညီသော တိုင်းရင်းသား၊ တိုင်းရင်းသူများကို လူတွေ့စစ်ဆေးအတည်ပြုရွေးချယ်ခြင်းများ ဆောင်ရွက်ကြ သည်။
၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် သင်တန်းသားရွေးချယ်ရေးဗဟိုကော်မတီက မြန်မာနိုင်ငံတစ်ဝန်းရှိ ဝေးလံခေါင်း ပါးသော နယ်စပ်ဒေသများမှ သင်တန်းသား၊ သင်တန်းသူ ၁၅၁ ဦးအား ပညာရေးဘွဲ့ (B.Ed) ၅ နှစ် သင်တန်းအတွက် စိစစ်အတည်ပြုရွေးချယ်ထားသည့် သင်တန်းသား သင်တန်းသူများအား ၅ နှစ် သင်ကြားပေးသွားမည်ဖြစ်ပြီး ကျောင်းဆင်းပြီးချိန်တွင် ပညာရေးဘွဲ့ (B.Ed) အပ်နှင်းကာ အထက်တန်းပြ ဆရာ၊ ဆရာမများအဖြစ် ခန့်အပ် တာဝန်ပေးအပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)
No comments