ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ဧရာဝတီတိုင်းဒေသကြီးရှိ အခြေခံပညာကျောင်းများ သွားရောက်ကြည့်ရှုစစ်ဆေး
နေပြည်တော် နိုဝင်ဘာ ၅
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာညွန့်ဖေသည် ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးခင်မောင်ကြည်နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဝါးခယ်မမြို့နယ် ရွှေလောင်း အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ကြည့် ရှုစစ်ဆေးပြီး ကျောင်းဥပဓိရုပ် ကောင်းမွန်ရေး၊ သန့်ရှင်းသာယာရေး၊ သင်ကြားရေး ဆိုင်ရာများနှင့်စီမံမှုဆိုင်ရာများ အရည်အသွေးတိုးတက် ကောင်းမွန်စေရေး မှာကြားကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထိုမှတစ်ဆင့် ဝါးခယ်မမြို့နယ် ငှက်ပျောစုကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ ကျုံမငေးမြို့ စက်ရုံ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ ကျုံမငေးမြို့ အခြေခံပညာအထက်တန်းကျောင်း၊ လမ်းသမိုင်ရွာလေး အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ ဝါးခယ်မမြို့နယ် တိုးချဲ့မြို့သစ် သံကြိုးတိုင်ရပ်ကွက်၊ အခြေခံပညာမူလ တန်းလွန်ကျောင်း၊ ဝါးခယ်မမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းများသို့ သွားရောက်၍ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနေမှုများကို လှည့်လည်ကြည့်ရှု အားပေး သည်။
ထို့နောက် သက်ကြား၊ သင်ယူနေမှုအခြေအနေများ၊ ကျောင်းနှင့် ဝန်းကျင်ဥပဓိရုပ် ကောင်းမွန်ရေး၊ သန့်ရှင်းသာယာရေး ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ သိပ္ပံလက် တွေ့ခန်းများကို ကြည့်ရှုစစ်ဆေး၍ စာသင်ခန်းအတွင်း ကျောင်းသား ကျောင်းသူများနှင့် ဘာသာရပ်ဆိုင်ရာ သင်ကြားတတ်မြောက်မှုအခြေ အနေများကို ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးသည် ဆရာဆရာမ များနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ ဆရာ၊ ဆရာမများအနေဖြင့် နိုင်ငံတော်အတွက် လိုအပ်သည့် အသိပညာ၊ အတတ်ပညာများနှင့် ပြည့်စုံသည့် နိုင်ငံသားကောင်းသမီးမွန်များ ပေါ်ထွက်လာအောင် မိမိတို့ဘာသာရပ်အလိုက် ပြုစုပျိုးထောင် သင်ကြားပေးကြရန် မှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)
No comments