ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်း သန်လျင်မြို့ ပြည်သူ့ဆေးရုံကြီး၌ လူနာများအား ဆေးကုသပေးနေမှု သွားရောက်ကြည့်ရှုစစ်ဆေး



နေပြည်တော် ဇန်နဝါရီ ၁၇


ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့  မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့ ပြည်သူ့ ဆေးရုံကြီး၌ လူနာများအား ဆေးကုသပေးနေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး အားပေး စကားပြောကြားကာ ဆေးရုံရှိ ဓာတ်ခွဲခန်း၊ အထူးကုပြင်ပလူနာဌာန၊ အရေးပေါ် လူနာဌာန၊ ပြင်ပလူနာဌာန၊ ဓာတ်မှန်ဌာနနှင့် ဆေးပေးခန်း (dispensary)တို့ကို လှည့်လည် ကြည့်ရှုကြ သည်။


ထို့နောက် ဒုတိယဝန်ကြီးသည် ဆေးရုံအုပ်ကြီး၊ အထူးကုဆရာဝန်ကြီးများ၊ သူနာပြုများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံပြီး ကျန်းမာရေးဝန်ထမ်းအင်အား ဖြည့်ဆည်းထားရှိပြီးဖြစ်သဖြင့် စွမ်းအားပြည့် လုပ်ငန်းဆောင် ရွက်နိုင်ရေး ကြီးကြပ်ဆောင်ရွက်ရေး၊ လူနာဘေးကင်းလုံခြုံရေး အလေးထားဆောင်ရွက်ရေး၊ လူနာများအတွက် ဓာတ်ခွဲစစ်ဆေးဝန်ဆောင်မှု စနစ်တကျ အားဖြည့်ဆောင်ရွက်ပေးရေးတို့ကို မှာကြားပြီး တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)



No comments

Powered by Blogger.