အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥပဒေအသိပညာပြန့်ပွားရေး ဆင့်ပွားသင်တန်းအမှတ်စဉ် (၁/၂၀၂၅) သင်တန်းဆင်းပွဲကျင်းပ
နေပြည်တော်၊ ဇန်နဝါရီ ၁၇
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ဥပဒေအသိပညာပြန့်ပွားရေး ဆင့်ပွားသင်တန်း အမှတ်စဉ် (၁/၂၀၂၅) သင်တန်းဆင်းပွဲ အခမ်းအနားကို ယန့ နံနက် ၉ နာရီခွဲတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး၊ စုပေါင်းခန်းမ၌ ကျင်းပရာ ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် သင်တန်းသား၊ သင်တန်းသူ (၃၀) တက်ရောက် ကြသည်။
သင်တန်းဆင်းပွဲတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးက နိုင်ငံသားအချင်းချင်းအကြား တရားမျှတမှု ရှိစေရန်နှင့် နိုင်ငံသားနှင့် အစိုးရကြား တရားမျှတမှုရှိစေရန် ရည်ရွယ်၍ ဥပဒေများကို ပြဋ္ဌာန်းရ ခြင်းဖြစ်ကြောင်း၊ ဥပဒေမရှိလျှင် မင်းမဲ့စရိုက်များ ဖြစ်ပေါ်လာမည်ဖြစ်၍ ဥပဒေစိုးမိုးရန်လိုအပ်ပြီး ဥပဒေစိုးမိုးရေးကို တာဝန်ယူဆောင်ရွက်ရသည့်ဌာန၊ အဖွဲ့အစည်းများအနေဖြင့် အထူးအလေးထား ကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း၊ ဥပဒေဘာသာရပ် သင်ကြားရခြင်း၏ ရည်ရွယ်ချက်မှာ ဥပဒေကို ပြည်သူအားလုံး သိရှိပြီးလိုက်နာစေရန်ဖြစ်ကြောင်း၊ ဥပဒေတွင် တိုက်တွန်းဥပဒေနှင့် တားမြစ်ဥပဒေ နှစ်မျိုးသာရှိကြောင်း၊ ဝန်ထမ်းတိုင်းသည် မိမိဌာနမှ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် ဆက်စပ်ဥပဒေ များကို သိရှိနားလည်ရန်လိုသည့်အတွက် ဥပဒေပြန့်ပွားရေး သင်တန်းများကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း။
ကော်မရှင်သည်ဥပဒေအရ အာဏာအပ်နှင်းခံရသည့် အဖွဲ့အစည်းဖြစ်သည့်အတွက် ဥပဒေနှင့်အညီ အဂတိလိုက်စားမှုများကို အရေးယူဆောင်ရွက်ရန်တာဝန်ရှိကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းမှသင်ကြားလိုက်သည့် ဘာသာရပ်များကို ဆင့်ပွားလေ့လာရန်နှင့် ဆင့်ပွားအသိပညာပေးရန် လိုကြောင်း၊ ဝန်ထမ်းတိုင်းထူးချွန်ထက်မြက်ပြီး လူကောင်းဖြစ်ရန် လိုကြောင်း၊ ကော်မရှင်သည် ဖြောင့်မတ်တည်ကြည်မှုမရှိသည့် ပြစ်မှုကျုးလွန်သူများကို ဖော်ထုတ်အရေးယူရသည့်ဌာနဖြစ်၍ ကိုယ်တိုင်ဖြောင့်မတ်တည်ကြည်မှုရှိရန် လိုက်နာဆောင်ရွက် ကြစေလိုကြောင်း တိုက်တွန်းမှာကြားသည်။
ယင်းနောက် ကော်မရှင်ဥက္ကဋ္ဌက ဥပဒေအသိပညာပြန့်ပွားရေး ဆင့်ပွားသင်တန်း အမှတ်စဉ် (၁/၂၀၂၅) သင်တန်းတက်ရောက်ခဲ့ကြသည့် သင်တန်းသား(၃၀) ကိုယ်စား သင်တန်းသားတစ်ဦးကို သင်တန်းဆင်း လက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)
No comments