နှစ်(၈၀)ပြည့် တပ်မတော်နေ့အထိမ်းအမှတ် (၃၁) ကြိမ်မြောက် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ
နေပြည်တော် ဖေဖော်ဝါရီ ၂၄
နှစ်(၈၀)ပြည့် တပ်မတော်နေ့
အထိမ်းအမှတ် (၃၁) ကြိမ်မြောက် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲ
ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စစ်ကြောရေးနှင့်
တည်းခိုရေးစခန်း စစ်ရေးပြကွင်း၌ ကျင်းပရာ တပ်မတော်နေ့ကျင်းပရေး
ဦးစီးကော်မတီဥက္ကဋ္ဌ တပ်မတော်လေ့ကျင့်ရေး အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး
ထိန်ဝင်း၊ စစ်ဦးစီးအရာရှိချုပ် (ရေ) ဒုတိယ ဗိုလ်ချုပ်ကြီး အေးမင်းထွေး၊
နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စိုးမင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊
ပြိုင်ပွဲကျင်းပရေး ကော်မတီဝင်များ၊ အကဲဖြတ်အမှတ်ပေး အဖွဲ့ဝင်များ၊
ပြိုင်ပွဲဝင်စစ်တီးဝိုင်းအသင်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ
ပြိုင်ပွဲဝင်စစ်တီးဝိုင်းအဖွဲ့များက တပ်မတော်လေ့ကျင့်ရေး အရာရှိချုပ်
ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်းအား အလေးပြုခြင်း၊ နိုင်ငံတော်အလံ အလေးပြုခြင်းနှင့်
သစ္စာအဓိဋ္ဌာန် (၄) ချက် ရွတ်ဆိုခြင်းတို့ကို အစီအစဉ်အတိုင်း ပြုလုပ်သည်။
ထို့နောက်ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ တပ်မတော် လေ့ကျင့်ရေးအရာရှိချုပ်
ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်း က နှစ်(၈၀)ပြည့် တပ်မတော်နေ့ အထိမ်းအမှတ် (၃၁) ကြိမ်မြောက်
တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲ (ခ) အဆင့်တွင်
စစ်တီးဝိုင်းခေါင်းဆောင်ကျွမ်းကျင်မှု တတိယဆုရရှိသည့် တြိဂံဒေသတိုင်း စစ်ဌာနချုပ်
ကိုယ်စားပြု အမှတ် (၁) စစ်တီးဝိုင်း အသင်းခေါင်းဆောင်၊ ဒုတိယဆုရရှိသည့်
နေပြည်တော်တိုင်း စစ်ဌာနချုပ် ကိုယ်စားပြု အမှတ် (၁)
စစ်တီးဝိုင်းအသင်းခေါင်းဆောင်နှင့် ပထမဆုရရှိသည့် ကမ်းရိုးတန်း
ဒေသတိုင်းစစ်ဌာနချုပ် ကိုယ်စားပြု အမှတ် (၁) စစ်တီးဝိုင်းအသင်း ခေါင်းဆောင်တို့ကို
ဆုများပေးအပ် ချီးမြှင့်သည်။
ဆက်လက်၍ (က) အဆင့်တွင်
စစ်တီးဝိုင်းခေါင်းဆောင်ကျွမ်းကျင်မှု အကောင်းဆုံးဆုရရှိသည့် စစ်တက္ကသိုလ်
ကိုယ်စားပြု စစ်တီးဝိုင်းအသင်း ခေါင်းဆောင်၊ (ခ) အဆင့် အသင်းလိုက်အထူးဆု
တြိဂံဒေသတိုင်းစစ်ဌာနချုပ် ကိုယ်စားပြု စစ်တီးဝိုင်းအသင်းနှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်
ကိုယ်စားပြု စစ်တီးဝိုင်းအသင်း၊ တတိယဆုရရှိသည့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်
ကိုယ်စားပြု အမှတ် (၁) စစ်တီးဝိုင်းအသင်း၊ ဒုတိယဆုရရှိသည့် ရန်ကုန်တိုင်းစစ်ဌာနချုပ်ကိုယ်စားပြု
အမှတ် (၁) စစ်တီးဝိုင်းအသင်း၊ ပထမဆုရရှိသည့် နေပြည်တော်တိုင်းစစ်ဌာနချုပ်ကိုယ်စားပြု
အမှတ် (၁) စစ်တီးဝိုင်းအသင်း၊ (က) အဆင့် အသင်းလိုက်အထူးဆုရရှိသည့် စစ်တက္ကသိုလ်ကိုယ်စားပြု
စစ်တီးဝိုင်းအသင်း၊ တတိယဆုရရှိသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ)
ကိုယ်စားပြုစစ်တီးဝိုင်း အသင်း၊ ဒုတိယဆုရရှိသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ကိုယ်စားပြု
ရဲတီးဝိုင်းအသင်း၊ ပထမဆုရရှိသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ) ကိုယ်စားပြု
စစ်တီးဝိုင်းအသင်းတို့ကို ဆုများပေးအပ်ချီးမြှင့်ပြီး အခမ်းအနားကို ရုပ်သိမ်း လိုက်သည်။
အဆိုပါ တပ်မတော်နေ့အထိမ်းအမှတ်
တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲများကို ၁၉၉၂ ခုနှစ်မှ
စတင်ကျင်းပခဲ့ပြီး နှစ် (၈၀) ပြည့် တပ်မတော်နေ့ အထိမ်းအမှတ် (၃၁) ကြိမ်မြောက်
တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၄ ရက်မှစတင်၍
ကျင်းပခဲ့ရာ ပြိုင်ပွဲဝင်စစ်တီးဝိုင်းအသင်းပေါင်း ၂၆ သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း
သိရသည်။
သတင်းစဉ်
%20photos-2.jpg)
No comments