နေအတုစမ်းသပ်မှု စံချိန်သစ်တင်
ပေါင်းစည်းနျူကလီးယား
နည်းပညာသုံးပြီး ဓာတ်ပေါင်းဖိုထဲ၌ နေအတုဖန်တီးမှု စမ်းသပ်ချက်မှာ ပလာစမာအခြေကို ၂၂
မိနစ် ထိန်းထားနိုင်ခြင်းဖြင့် စံချိန်သစ်တင်ခဲ့သည်။
ပြင်သစ်တောင်ပိုင်းရှိ WEST (W
Environment in Steady-State Tokamak) ဓာတ်ပေါင်းဖိုတွင် အက်တမ်နှစ်ခုကို
ပေါင်းစည်းပြီး ထွက်ပေါ်လာသော ကြီးမားသည့် စွမ်းအင်ကို ၂၂ မိနစ်အထိ ထိန်းထား
နိုင်ခဲ့ခြင်းဖြစ်သည်။ ထိုနည်းပညာမှာ နေမှ အပူ၊ အလင်းအစရှိသည့် စွမ်းအင်များ
ဖြာထွက်စေခြင်းဖြင့် နေဟူ၍ ဖြစ်တည်စေသည့် နေ၏အတွင်းပိုင်း၌ ဖြစ်နေသော
သဘောတရားအတိုင်း လုပ်ထားခြင်းကြောင့် နေအတုဟုလည်း ခေါ်ကြသည်။
၂၀၁၅ ခုနှစ် ဇန်နဝါရီတွင်
တရုတ်နိုင်ငံ၏ EAST (Experimental Advanced Superconducting Tokamak)
ဓာတ်ပေါင်းဖို၌ အဆိုပါစွမ်းအင်ကို ၁၈ မိနစ်နီးပါး ထိန်းထားခြင်းဖြင့်
စံချိန်တင်ထားရာ ယခု စမ်းသပ်ချက်က ထိုစံချိန်ကို ချိုးလိုက်ခြင်းဖြစ်သည်။
ပေါင်းစည်းနျူကလီးယားနည်းပညာသည်
အနာဂတ်စွမ်းအင် အထောက်အပံ့အတွက် အလေးထားရသော အဓိကနည်းပညာတစ်ခု ဖြစ်သည်။ သို့သော်
ထိုသို့ထောက်ပံ့နိုင်စေရန် အဆိုပါစွမ်းအင် ထိန်းသိမ်းမှုမျိုးကို နှစ်နှင့်ချီ၍
လုပ်နိုင်ရန်လိုအပ်သည်။ လုပ်နိုင်လျှင်တော့ အကန့်အသတ် မရှိသလောက်ဖြစ်သော
သန့်စင်သည့် စွမ်းအင်အရင်းအမြစ်ကိုရရှိပြီဟု လက်ခမောင်းခတ်နိုင်မည်ဖြစ်သည်။
Ref: Daily Mail
No comments