တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်) ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် ဟိုင်းကြီးကျွန်းမြို့နှင့် အနီးဝန်းကျင်မှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်
နေပြည်တော် ဖေဖော်ဝါရီ ၃
တနင်္သာရီကမ်းရိုးတန်းဒေသတစ်လျှောက်မှ
ဒေသခံပြည်သူများ၊ ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး
ဟိုင်းကြီးကျွန်းမြို့နယ် အနီးပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်
ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့များ
လိုက်ပါ လာသည့် တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ် (သံလွင်) သည် ယနေ့တွင်
ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် ဟိုင်းကြီးကျွန်းမြို့ရှိ တပ်မတော်ဆေးရုံ၌
အခြေပြု၍ ဟိုင်းကြီးကျွန်းမြို့နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ
၆၁၉ ဦး အား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင် ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးရာ တွင်
ဆေးကုသမှုဆိုင်ရာရောဂါ ၁၂၅ ဦး၊ ခွဲစိတ်ရောဂါ ၄၃ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၂၇ ဦး၊
ကလေးရောဂါ ၄၈ ဦး၊ အရိုးရောဂါ ၁၁၀၊ နား၊ နှာခေါင်း၊ လည်ချောင်း ရောဂါ ၅၀၊
မျက်စိရောဂါ ၁၃၈ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၇၈ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ
ဆောင်ရွက်ပေးသည်။ ၄င်းတို့အနက် အထွေထွေခွဲစိတ် လူနာ ငါးဦး၊ မျက်စိခွဲစိတ်လူနာ ၃၅
ဦး၊ ဓာတ်မှန်ရိုက်လူနာ ၅၀၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ ၆၃ ဦး၊ ECG စက်
ဖြင့် နှလုံးစမ်းသပ်လူနာ ၄၇ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၅၀ တို့ကို ရောဂါရှာဖွေ
စမ်းသပ်ကုသပေး ခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက် ကုသရနလိုအပ်သည့် လူနာ ၁၃
ဦးတို့ကို နီးစပ်ရာ တပ်မတော်ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်
ဆောင်ရွက်ပေးသည်။
ထိုသို့ ကျန်းမာရေး စောင့်
ရှောက်မှုလုပ်ငန်းများ ဆောင် ရွက်ပေးနေမှုများအပေါ် ဒေသခံ ပြည်သူများ၏ စကားသံများကို
ယခုလိုပဲ ကြားသိခဲ့ရပါသည်-
ကျွန်မတို့အနေနဲ့ အခုလို တပ်မတော်ဆေးသင်္ဘောကြီးက
လာရောက်ပြီးတော့ ဆေးကုသ ပေးတဲ့အတွက် အလွန်ကို အဆင်ပြေပါတယ်။ ငွေကုန်ကြေးကျအနေနဲ့လည်း
သွားရေးလာရေး စရိတ်လောက်ပဲ ကုန်ကျတဲ့အတွက် အားလုံးအဆင်ပြေပါတယ်။ ဟိုင်းကြီးကျွန်းဒေသအတွက်ကို
အခုလိုတပ်မတော် ဆေးသင်္ဘောက ဆရာဝန်၊ ဆရာမ တွေအနေနဲ့ နောက်နှစ်တွေမှာလည်း
ပြည်သူလူထုအတွက်ကို ဆေးကုသမှုတွေ လာရောက်ကုသပေးနိုင်ဖို့ ဖိတ်လည်းဖိတ်ခေါ်တယ်။
ကျေးဇူးလည်း တင်ပါတယ်။
အခုလို တပ်မတော်ဆေးသင်္ဘောကြီး
လာရောက်ပြီး ဆေးကုသပေးတဲ့အတွက် အများကြီး ကျေးဇူးတင်ပါတယ်။ အကုန်အကျလည်း
သက်သာပါတယ်။ ကျွန်တော်တို့ နဂိုတုန်းက ရောဂါ ဖြစ်တယ်ဆိုရင် တိုက်နယ်ဆေးရုံ လာရတယ်။
ရောဂါပြင်းပြင်း ထန်ထန်ဖြစ်ရင် ပုသိမ်၊ ရန်ကုန် အထိ သွားရပါတယ်။ ကုန်ကျ
စရိတ်တွေလည်း များပါတယ်။ ရောဂါပေါင်းစုံကို သူ့နေရာနဲ့သူ နေရာတကျ စီစဉ်ဆောင်ရွက်
ကုသပေးတဲ့အထိ တပ်မတော်သားတွေက လုပ်ကိုင်ပေးနေပါတယ်။ အခုလို လာရောက် ကုသပေးတဲ့အတွက်
ဆေးရုံသင်္ဘောကြီးရော တပ်မတော်သားတွေကိုပါ အများကြီး ကျေးဇူးတင်ပါတယ်။ နောက်နှစ်
နောက်နှစ်တွေမှာလည်း အမြဲတမ်းလာရောက်ပြီး ကုသနိုင်ပါစေလို့ ဆုတောင်းပါတယ်။
သတင်းစဉ်




No comments