နယူးဒေလီရှိ ဘူတာရုံတစ်ခုတွင် လူအုပ်ပြိုကျမှု ဖြစ်ပွား၊ အနည်းဆုံး ၁၈ ဦး သေဆုံး
နယူးဒေလီ ဖေဖော်ဝါရီ ၁၆
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ
ဘူတာရုံတစ်ခုတွင် ဖေဖော်ဝါရီ ၁၅ ရက် ညက လူအုပ်ပြိုကျမှု ဖြစ်ပွားရာ အနည်းဆုံး ၁၈
ဦး သေဆုံးပြီး ၂၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
နိုင်ငံမြောက်ပိုင်း ဥတ္တရာပရာ
ဒေ့ရှ်ပြည်နယ် ပရာယာရရှ်ခရိုင်တွင် ကျင်းပနေသည့် မဟာကုမ် ဘာမီလာပွဲတော်သို့ သွားရောက်မည့်
ခရီးသွားများသည် ဘူတာစင်္ကြံသို့ ဆိုက်ရောက်လာသည့် ရထားပေါ်သို့ တိုးဝှေ့၍တက်ရာမှ
လူအုပ်ပြိုကျမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အိန္ဒိယနိုင်ငံတွင် ဂင်္ဂါ၊ ယမုံနာနှင့်
ဆဝါဆတီမြစ်သုံးစင်း ဆုံရာနေရာတွင် မဟာကုမ် ဘာမီလာပွဲတော်ကို ၁၂ နှစ်လျှင် တစ်ကြိမ်
ကျင်းပလေ့ရှိသည်။
ဇန်နဝါရီ ၂၉ ရက်ကလည်း
မဟာကုမ်ဘာမီလာပွဲတော် ကျင်းပနေစဉ် လူအုပ်ပြိုကျမှုဖြစ်ပွားရာ အနည်းဆုံး ၃၀
သေဆုံးပြီး ၆၀ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ကိုးကား -ဆင်ဟွာ
ဘာသာပြန်-စိုးသူရ

No comments