အမေရိကန်-ရုရှား နှစ်နိုင်ငံ ထိပ်သီးအစည်းအဝေးကျင်းပရန် ကြိုတင်ပြင်ဆင်
မော်စကို ဖေဖော်ဝါရီ ၁၆
ရုရှားနိုင်ငံခြားရေးဝန်ကြီး
ဆာဂေးလက်ဗ်ရော့ နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီရို တို့သည်
နှစ်နိုင်ငံထိပ်သီးဆွေးနွေးပွဲ ကျင်းပရန်အတွက် ကြိုတင်ပြင်ဆင်မှုများလုပ်ဆောင်ရန်
တယ်လီဖုန်းမှတစ်ဆင့် ဆွေးနွေးခဲ့ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက
ယနေ့ပြောကြားသည်။
ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့်
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်တို့သည် ဖေဖော်ဝါရီ ၁၃ ရက်တွင် တယ်လီဖုန်းဖြင့်ဆွေးနွေးခဲ့ပြီး
နှစ်နိုင်ငံထိပ်သီးအစည်းအဝေးကျင်းပရန် ယခုကဲ့သို့ ပြင်ဆင် ဆောင်ရွက်ခြင်းဖြစ်သည်။
သမ္မတများ
ချမှတ်ထားသောမူဝါဒများနှင့်အညီ ထိပ်သီးအစည်းအဝေးကျင်းပရန်အတွက် အဆင်သင့် ဖြစ်နေပြီဟု
နှစ်နိုင်ငံဝန်ကြီးဌာနတို့က ထပ်မံအတည်ပြုခဲ့ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက
ပြောကြားသည်။
ရုရှား-ယူကရိန်းအရေးနှင့်
အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခတို့အပါအဝင် နိုင်ငံတကာပြဿနာများနှင့် ပတ်သက်ပြီး
ကိုင်တွယ်ဖြေရှင်းရန် နည်းလမ်းများကို အဆိုပါထိပ်သီးအစည်းအဝေးတွင် ဆွေးနွေးသွားမည်
ဖြစ်ကြောင်း သိရသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်

No comments