ကမ္ဘောဒီးယားနိုင်ငံ၌ စစ်ကျန်ဗုံးဟောင်းတစ်လုံး ပေါက်ကွဲမှုကြောင့် ကလေးငယ်နှစ်ဦးသေဆုံး


 

ဖနောင်ပင် ဖေဖော်ဝါရီ ၂၃

 

ကမ္ဘောဒီးယားနိုင်ငံ အနောက်မြောက်ပိုင်း ဆီယမ်ရိပြည်နယ်တွင် စစ်ကျန်ဗုံးဟောင်းတစ်လုံး ပေါက်ကွဲမှုကြောင့် ကလေးငယ်နှစ်ဦး သေဆုံးခဲ့ကြောင်း မိုင်းရှင်းလင်းရေး အကြီးအကဲတစ်ဦးက ယနေ့ ပြောကြားသည်။

 

၆၆ မီလီမီတာ (B-63) ဗုံးကျည်သည် ဆေဗေးလူခရိုင် ခရန်ဟွန်ကျေးရွာတွင် ပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်း ကမ္ဘောဒီးယားမိုင်းရှင်းလင်းရေးအဖွဲ့၏ ညွှန်ကြားရေးမှူးချုပ် ဟန်းရတ်ထနာက ပြောကြားသည်။

 

သေဆုံးခဲ့သည့် ကလေးငယ်နှစ်ဦးမှာ အသက်နှစ်နှစ်သာရှိသေးသည့် ယောက်ျားလေးတစ်ဦးနှင့် မိန်းကလေးတစ်ဦးတို့ ဖြစ်ကြောင်း သိရသည်။ ကလေးငယ်နှစ်ဦးသည် မြေကြီးပေါ်တွင် ဆော့ကစားနေစဉ် အဆိုပါစစ်ကျန်ဗုံးကို မာကြောသော အရာဝတ္ထုတစ်ခုဖြင့် ထိမှန်ခဲ့ခြင်းကြောင့် ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့၏ဖခင်က ပြောကြားသည်။

 

ကမ္ဘောဒီးယားနိုင်ငံသည် မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော အကြွင်းအကျန်များကြောင့် ထိခိုက်မှုအဆိုးရွားဆုံးခံစားရသည့် နိုင်ငံများတွင်ပါဝင်သည်။ ၁၉၉၈ ခုနှစ်တွင် ပြီးဆုံးခဲ့သော ဆယ်စုနှစ် သုံးခုကြာစစ်ပွဲနှင့် ပြည်တွင်းပဋိပက္ခများမှ မြေမြှုပ်မိုင်းနှင့် အခြားခဲယမ်းမီးကျောက် ၄ ဒသမ ၆ သန်းခန့် ကျန်ရှိနိုင်ဖွယ်ရှိကြောင်း သိရသည်။

 

၁၉၇၉ ခုနှစ်မှ ၂၀၂၄ ခုနှစ် အတွင်း မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော အကြွင်းအကျန်များ ပေါက်ကွဲမှုကြောင့် လူပေါင်း ၁၉၈၃၄ ဦး သေဆုံးခဲ့ပြီး ၄၅၂၅၂ ဦး ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့ကြောင်း ကမ္ဘောဒီးယားတရားဝင် အစီရင် ခံစာတွင် ဖော်ပြသည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အောင်ကျော်ကျော်

No comments

Powered by Blogger.