အရေးပေါ်လိုအပ်ချက်များဖြစ်သည့် ဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေးနှင့် သန့်ရှင်းသော သောက်သုံးရေရရှိရေးတို့ကို ဆောင်ရွက်ရမည်ဖြစ်ပြီး လျှပ်စစ်မီးရရှိမှသာ ရေရရှိရေးကို ဆက်လက်ဆောင်ရွက်


နေပြည်တော် မတ် ၂၉

 

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယနေ့နံနက် ပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ အရေးပေါ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်၍ ငလျင်ဒဏ်သင့်ဒေသများ၌ ကူညီကယ်ဆယ်ရေး လုပ်ငန်းများနှင့် ထောက်ပံ့ရေးလုပ်ငန်းများအား အမြန်ဆုံး ဆောင်ရွက်နိုင်ရေး အတွက် ဆွေးနွေးမှာကြားသည်။

 

အစည်းအဝေးသို့ ကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီး များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဦးစွာ အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် မတ် ၂၈ ရက်နေ့တွင်ဖြစ်ပေါ်ခဲ့သည့် အင်အားပြင်းမြေငလျင်နှင့် နောက်ဆက်တွဲ ငလျင်ငယ်များ လှုပ်ရှားမှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ၊ နေပြည်တော်ကောင်စီနယ်မြေ၊ ပဲခူးတိုင်းဒေသကြီးတို့၌ ငလျင် ဒဏ်သင့်ခဲ့ရပြီး လမ်းတံတား၊ အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ရကာ ပြည်သူအချို့ အသက် သေဆုံးခဲ့ရမှုများနှင့် ထိခိုက်ဒဏ်ရာရရှိမှုများ ဖြစ်ပေါ်ခဲ့ရကြောင်း၊ အထပ်မြင့်နေအိမ်များ၊ အိမ်ရာ များနှင့် အောက်ခြေ(Foun-dation)မခိုင်သည့် အဆောက်အအုံများတွင် ပိုမိုပျက်စီးဆုံးရှုံးခဲ့ရသည်ကို တွေ့ရှိရကြောင်း၊ အထူးသဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် နေပြည်တော် ကောင်စီနယ်မြေတို့တွင် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ပိုမိုဆိုးရွားစွာတွေ့ရှိရကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့်လည်း မတ် ၂၈ ရက်နေ့ ဖြစ်စဉ်ဖြစ်ပြီး ချင်းပင် နေပြည်တော်ကောင်စီနယ်မြေအတွင်း ပျက်စီးမှုရှိသည့် ဝန်ထမ်းအိမ်ရာများ၊ အရပ်ဘက် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)နှင့် မြို့တွင်းလမ်းတံတားများကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည် များကို လမ်းညွှန်မှာကြားခဲ့ကြောင်း၊ ယနေ့တွင်လည်း မန္တလေးတိုင်းဒေသကြီးသို့ လိုအပ်သည်များ မှာကြားနိုင်ရန်နှင့် ဘေးဒုက္ခခံစားနေရသည့် ပြည်သူများကို အားပေးစကား ပြောကြားနိုင်ရေး သွားရောက်လျက်ရှိပြီး ယခုအစည်းအဝေး ပြုလုပ်ချိန်အထိ သေဆုံးသူဦးရေမှာ ၁၁၀၁ ဦးရှိပြီး ထိခိုက်ဒဏ်ရာ ရရှိမှုစုစုပေါင်းမှာ ၂၆၄၄ ဦးရှိပြီဖြစ်ကြောင်း၊ ထပ်မံ၍လည်းအရေအတွက် တိုးလာ နိုင်ပါကြောင်း၊ ငလျင်နောက်ဆက်တွဲအနေဖြင့် စတင်ချိန်မှ ယခုအချိန်အထိ ၁၄ ကြိမ်ရှိပြီး ရစ်(ခ်)တာစကေး အနိမ့်ဆုံး ၂ ဒသမ ၈ မှ အမြင့်ဆုံး ၇ ဒသမ ၇ ဖြစ်ကြောင်း၊ မြေအောက် ၁၀ ကီလိုမီတာအနက်မှဖြစ်၍ ပိုမိုအင်အားပြင်းပြီး ပျက်စီးဆုံးရှုံးစေမှု ပိုမိုကြီးမားကြောင်း၊ နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ ဝန်ကြီးဌာနအသီးသီးမှ စုပေါင်းအိမ်ရာများ၌ နေထိုင်ကြသည့် ဝန်ထမ်း များအနေဖြင့် ငလျင်ဒဏ်ကြောင့် ပြောင်းရွှေ့နေထိုင်နေကြရလျက်ရှိရာ သက်ဆိုင်ရာဝန်ကြီး ဌာနများမှ ဝန်ကြီးများက မိမိတို့၏ဝန်ထမ်းများကို သွားရောက်အားပေးပြီး လိုအပ်သည်များ စစ်ဆေးပေးကြရန်နှင့် စိတ်ဓာတ်ခွန်အားမြှင့်တင်ပေးကြရန် လိုအပ်ကြောင်း၊ အထူးသဖြင့် အစားအစာနှင့် သန့်ရှင်းသောသုံးရေ၊ သောက်ရေများရရှိရေး ဖြည့်ဆည်းပေးရန် လိုအပ်ကြောင်း၊ မိမိတို့ NDMC အနေဖြင့် နိုင်ငံတကာမှ အကူအညီများ စေလွှတ်ပေးပို့မှုအပေါ် လိုအပ်သည့် နေရာများသို့ အမြန်ဆုံးရောက်ရှိရန်နှင့် အမြန်ဆုံးဖြန့်ဝေပေးနိုင်ရန် လိုအပ်ကြောင်း၊ လက်ရှိဖြစ်ပေါ် နေသည့် အခြေအနေများနှင့်ပတ်သက်၍ ဒေသအသီးသီးရှိဝန်ထမ်းများ၏ လိုအပ်ချက်များကို ဝန်ကြီးဌာန အသီးသီး က တစ်ပိုင်တစ်နိုင်စာရင်း ကောက်ယူ၍ ဖြည့်ဆည်းပေးရန် လိုအပ်ကြောင်း၊ အများပြည်သူပိုင် လမ်း၊ တံတားများပျက်စီးမှုများ၊ မြေကျွံမှုများကြောင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများ ရှိနေသည့်အတွက် ရေရှည်၊ ရေတို စီမံချက်များချမှတ်၍ အမြန်ဆုံးပြုပြင်နိုင်ရန် လိုအပ်ကြောင်း၊ အရေးပေါ်လိုအပ်ချက်များဖြစ်သည့် ဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေးနှင့် သန့်ရှင်းသော သောက်သုံးရေရရှိရေးတို့ကို ဆောင်ရွက်ရမည်ဖြစ်ပြီး လျှပ်စစ်မီးရရှိမှသာ ရေရရှိရေးကို ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် အမြန်ဆုံး ဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေး မှာကြားသည်။

 

ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည့်

အစီအမံများ ဆွေးနွေးတင်ပြ

ထို့နောက် ကော်မတီဒုတိယဥက္ကဋ္ဌ() လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့်ကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ နေပြတော်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က မတ် ၂၈ ရက်တွင် ဖြစ်ပေါ်ခဲ့သည့် အင်အားပြင်း ငလျင်ကြောင့် ပျက်စီးဆုံးရှုံးရမှု အခြေအနေများ၊ ကယ်ဆယ်ရေးလေယာဉ်များနှင့် ပစ္စည်းများ ရောက်ရှိမှုအခြေအနေများ၊ ကယ်ဆယ်ရေးယာဉ်များအတွက် ပို့ဆောင်ဆက်သွယ်ရေး လမ်း ကြောင်း ဆောင်ရွက်ထားမှုအခြေအနေများ၊ ဆက်သွယ်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးများ ပြန်လည်ရရှိရေး အမြန်ဆုံးဆောင်ရွက်ပေးနေသည့် အခြေအနေများ၊ ငလျင်ဒဏ်ကြောင့် ဝန်ထမ်း အိမ်ရာများ ပျက်စီးဆုံးရှုံးမှု၊ ဝန်ထမ်းများနှင့် မိသားစုဝင်များအသက်သေဆုံးရမှု၊ ထိခိုက် ဒဏ်ရာရရှိမှုများ၊ အရေးပေါ်ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေမှုများ၊ ငလျင်ဘေးဒဏ်ခံစားရသည့် ဝန်ထမ်းများအတွက် ဝန်ကြီးဌာန အသီးသီးအလိုက် စားသောက်၊ နေထိုင်မှုနှင့် လုံခြုံရေးအတွက် ဆောင်ရွက်ပေးထား မှုအခြေအနေများ၊ ဘဏ္ဍာငွေခွဲဝေသုံးစွဲမှုအခြေအနေများ၊ ကူညီကယ်ဆယ် ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆက် လက်ဆောင်ရွက်သွားမည့် အစီအမံများကို ဆွေးနွေးတင်ပြကြသည်။

 

နိဂုံးချုပ်အမှာစကားပြောကြား

ဆွေးနွေး တင်ပြမှုများအပေါ် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဆွေးနွေးချက်များအပေါ် ဝန်ထမ်းအိမ်ရာအလိုက် ယာယီမိုးကာတဲများဖြင့် အိမ်ရာနှင့် အနီးဆုံးပန်းခြံ၊ အရိပ်ရှိကွက်လပ်ကျယ်၌ ထားရှိရေး၊ နေ့စဉ်သန့်ရှင်းသော သောက်ရေရရှိရေး၊ ရွေ့လျားရေသန့်စက် မော်တော်ယာဉ် ငါးစီးခန့်ဖြင့် ရေသန့်ချက်ပြီး ရေကားအသီးသီး မှတစ်ဆင့် ဝန်ထမ်းယာယီနေရာများသို့ ပို့ဆောင်သုံးစွဲစေရေး၊ အုပ်ချုပ်မှုနှင့် ကျန်းမာရေးဆိုင်ရာကိစ္စ ဖြေရှင်းနိုင်ရေး ယာယီရေကန်များပြုလုပ်လျက် သုံးရေရရှိရေး၊ ဝန်ထမ်းများသက်သာ ချောင်ချိစွာ စားသောက်နိုင်ရေး ရွေ့လျားကုန်စိမ်း၊ ကုန်ခြောက်အရောင်းမော်တော်ယာဉ်များဖြင့် လုံလောက်စွာ ဖြန့်ဖြူးရောင်းချပေးရန်၊ ဝန်ထမ်းများနှင့် မှီခိုမိသားစုများ အရေးပေါ်သုံးစွဲနိုင်ရန် ထောက်ပံ့ ငွေကြေးနှင့် စားသောက်နိုင်ရေး၊ NDMC မှလည်း အလုပ်သမားဝန်ကြီးဌာနမှ ဝန်ထမ်းများ၏ လူမှုဖူလုံရေးရန်ပုံငွေမှ ထုတ်ယူသုံးစွဲခွင့်ရရှိရေးအပါအဝင် ပြန်လည်ထူထောင်ရေး ကိစ္စရပ်များ၊ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်ရေး ကူညီဆောင်ရွက်ပံ့ပိုးပေးမည့် ကိစ္စရပ်များ၊ ဝန်ထမ်းများအတွက် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊ နိုင်ငံတကာ အကူအညီလာရောက်မှုအပေါ် အဆင်ပြေချောမွေ့စေရေး အဆိုပါအဖွဲ့အတွက် ဆက်ဆံရေးအရာရှိ၊ ကူညီကယ်ဆယ်ရေးအတွက် တွဲဖက်ပေးရမည့် ပြည်တွင်းမှဘေးအန္တရာယ်ဆိုင်ရာ ကူညီကယ်ဆယ်ရေးအဖွဲ့များ ထားရှိရေး ကိစ္စရပ်များ၊ တည်းခိုနေထိုင်ရေးကိစ္စရပ်များနှင့် လိုအပ်နယ်မြေအလိုက် ကူညီကယ်ဆယ်ရေး၊ ဆေးပစ္စည်းကူညီပေးရေး ခွဲဝေတာဝန်ပေးရန်ကိစ္စရပ်များအား NDMC အဖွဲ့ဝင်များနှင့် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေး ပြီးနိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

 

လိုအပ်သည်များမှာကြား

ထို့နောက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် အဖွဲ့ ဝင်များနှင့်အတူ ငလျင်ဘေးဒဏ်ကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် နေပြည်တော်ကောင်စီ နယ်မြေ လယ်ဝေးမြို့သို့လည်းကောင်း၊ ဇမ္ဗူသီရိမြို့နယ် ဗလသိဒ္ဓိရပ်ကွက်ရှိ ဝန်ထမ်းအိမ်ရာများသို့ လည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေး နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို မှာကြားသည်။

 

ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ သည် ငလျင်ဘေးဒဏ်သင့်မှုကြောင့် ဆုံးရှုံးပျက်စီးမှုများပြားပြီး ယနေ့အထိ ကယ်ဆယ်ရေး ဆောင်ရွက်နေရသည့် ဥတ္တရသီရိမြို့နယ် ဥတ္တရသီရိ ပုဂ္ဂလိက အထူးကုဆေးရုံ၌ ကူညီကယ်ဆယ် ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက် များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

 

လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး

ထိုမှတစ်ဆင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ သည် နေပြည်တော် (ခုတင်-၁၀၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးသို့ သွားရောက်ကြည့်ရှု စစ်ဆေးပြီး ဆေးရုံ တက်လူနာများအတွက် ယာယီကုသဆောင်များထားရှိရန် စီစဉ်နေမှု၊ ဆေးရုံ တက်လူနာများအတွက် လိုအပ်သောသောက်သုံးရေရရှိရေး စီစဉ်ဆောင်ရွက်ထားရှိမှုများနှင့် ဆေးရုံကြီးရှိ ကုသဆောင်အလိုက် အဆောက်အအုံ ကြံ့ခိုင်မှုဆိုင်ရာများကို လိုက်လံကြည့်ရှု စစ်ဆေးခြင်းနှင့် တပ်မတော်ဆေးရုံကြီးမှ ရွေ့လျားခွဲစိတ်ကုသယာဉ်နှင့် ဓာတ်မှန်ယာဉ်များ ကူညီပို့ဆောင်ပေးရန် ကိစ္စအပါအဝင်တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 

ချီးမြှင့်ငွေများပေးအပ်

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ သည် ခုတင်(၃၀၀)ဆံ့ သားဖွားမီးယပ်ဆေးရုံနှင့် နေပြည်တော်တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀) သို့ သွားရောက်၍ ဆေးရုံတက်ရောက် ကုသမှုခံယူလျက်ရှိသည့် တပ်မတော်သား မိသားစုဝင်များနှင့် အရပ်သားပြည်သူများအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနေမှုနှင့် ခွဲစိတ်ခန်းများနှင့် ဆေးရုံသုံးပစ္စည်းများအသင့် ပြင်ဆင်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးပြီး ဆေးရုံတက်လူနာများအတွက် ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments

Powered by Blogger.