အင်အားပြင်း ငလျင်လှုပ်ခတ်မှုကြောင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်ရှိ ခပေါင်းတံတား ချဉ်းကပ်လမ်းနှစ်ဖက် မြေနိမ့်ပျက်စီးမှုများ ပြန်လည်ပြုပြင်ပြီးစီး
နေပြည်တော် မတ် ၂၉
၂၀၂၅ ခုနှစ် မတ် ၂၈ ရက်တွင် ဖြစ်ပေါ်ခဲ့သည့် အင်အားအလွန်
ပြင်းထန်သော မြေငလျင်နှင့် နောက်ဆက်တွဲ ငလျင်ငယ်များ လှုပ်ရှားခဲ့မှုကြောင့် ပဲခူးတိုင်းဒေသကြီး
အုတ်တွင်းမြို့နယ် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ် မိုင်တိုင်၊ ၁၄၅ ရှိ ခပေါင်းတံတားမှာ ချဉ်းကပ်လမ်းနှစ်ဖက်မြေ
ကျွံပျက်စီးနိမ့်ကျသွားခဲ့ကြောင်း သိရသည်။
ဖြတ်သန်းသွားလာနိုင်ပြီ
အဆိုပါ မြေကျွံနိမ့်ကျပျက်စီးခဲ့၍ အများပြည်သူများ သွားလာ
ရေး အခက်အခဲဖြစ်ပေါ်လျက်ရှိ သော ခပေါင်းတံတားအား သက်ဆိုင်ရာ လမ်း/တံတား တည်ဆောက်ရေးအဖွဲ့နှင့် တာဝန်ရှိသူများက
သွားရောက်ကြည့်ရှုခဲ့ပြီး အများပြည်သူများ ဖြတ်သန်းသွားလာနိုင်ရေးအတွက်
ပြုပြင်မှုများကို ချက်ချင်း ဆောင်ရွက်ခဲ့ရာ ယနေ့မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် အဆိုပါတံတားပေါ်မှ
မော်တော်ယာဉ် ငယ်များဖြင့် အများပြည်သူများ ဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။
ပြင်ဆင်ဆောင်ရွက်
အင်အား အလွန်ပြင်းထန်သော မြေငလျင်လှုပ်ခတ်မှုကြောင့် မြန်မာနိုင်ငံအနှံ့အပြားရှိ
တိုင်းဒေသ ကြီးနှင့် ပြည်နယ်တို့တွင် ငလျင်ဒဏ်သင့်ခဲ့ရပြီး လမ်း/တံတား အဆောက်အအုံများ ထိခိုက်ပျက်စီး မှုများရှိခဲ့ရာ
သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် သဘာဝဘေးကူညီ ကယ်ဆယ်ရေးအဖွဲ့များက
ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရန်နှင့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို
အချိန်နှင့်တစ်ပြေးညီ ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်
No comments