ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ငလျင်ဒဏ်သင့် ဝန်ထမ်းအိမ်ရာများအား ကြည့်ရှုစစ်ဆေး
နေပြည်တော် မတ် ၂၉
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးလှမိုးသည် ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊
သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းက အင်အားပြင်းငလျင် လှုပ်ခတ်မှုကြောင့်
ငလျင်ဒဏ်သင့်ခဲ့သည့် ဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ
ဝန်ထမ်းများနေထိုင်သည့် ဝန်ထမ်းအိမ်ရာများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့်
ငလျင်ဒဏ်သင့်ခဲ့သည့် ဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ
ဝန်ထမ်းများနေထိုင်သည့် ဝန်ထမ်းအိမ်ရာ များဖြစ်သည့် ခရေအိမ်ရာရှိ တိုက်အမှတ် ၈၇၊ ၈၈၊
၉၂၊ ၉၃၊ ၁၅၀၊ ၁၅၁၊ ၁၅၂၊ ၁၅၃ တို့ကိုလည်းကောင်း၊ ပိတောက်အိမ်ရာရှိ တိုက်အမှတ် ၆၀၂၊ ၆၀၅
တို့ကိုလည်းကောင်း၊ ဘူးကွဲအိမ်ရာရှိ တိုက်အမှတ် ၄၃၀၄၊ ၄၃၂၂၊ ၄၃၂၃၊ ၄၃၂၄၊ ၄၃၂၅ တို့ကို
လည်းကောင်း၊ ဧက(၁၀၀၀)ရှိ တိုက်အမှတ် ၁၃၃၇၊ ၁၃၃၈၊ ၁၃၃၉၊ ၁၃၄၀၊ ၁၃၄၁၊ ၁၃၄၆၊ ၂၀၁ တို့ကို လည်းကောင်း၊
သပြေအဆောင်အမှတ်(၄)အား လည်းကောင်း
အသီးသီးသွားရောက် ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်း များ၊ ဝန်ထမ်းမိသားစုဝင်များနှင့် တွေ့ဆုံအားပေးရာ
ပြည်ထောင်စုဝန်ကြီးက သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ဝန်ထမ်း နှင့် ဝန်ထမ်းမိသားစုဝင်များအား
အမြန်ဆုံးနေရာ ပြောင်းရွှေ့ပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ ပြောင်းရွှေ့
နေထိုင်မည့်နေရာများတွင် သောက်သုံးရေရရှိရေး၊ ယင်လုံအိမ်သာများ
လုံလောက်စွာရရှိရေးဆောင်ရွက် ပေးရန်လိုအပ်ကြောင်း၊ ဝန်ထမ်းများစားသောက်ရေး အဆင်ပြေစေရေးအတွက်
ဝန်ကြီးဌာန၏အစီအစဉ်ဖြင့် ဆန်ခြောက်ပြည်၊ ဆီ ၅၀ သား၊ ငွေကျပ် တစ်သိန်း ထောက်ပံ့ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း
ပြောကြားပြီးနောက် ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုဝင်များ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်း
ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်
No comments