ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့ ရင်ပြင်နီ၌ ကျင်းပပြုလုပ်ခဲ့သည့် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ် စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့်အထိမ်းအမှတ် စစ်ရေးပြအခမ်းအနား၌ ပါဝင်ချီတက်ခဲ့သည့် ဗိုလ်မှူးချုပ်မျိုးဆက်အောင် ဦးဆောင်သော မြန်မာ့တပ်မတော်ကိုယ်စားပြု စစ်ရေးပြအဖွဲ့အား ကြိုဆိုနှုတ်ဆက်
နေပြည်တော် မေ ၁၁
ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့
ရင်ပြင်နီ၌ မေ ၉ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ် စစ်ပွဲကြီးအောင်ပွဲ
နှစ် (၈၀) ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနား၌ ပါဝင် ချီတက်ခဲ့သည့် ဗိုလ်မှူးချုပ်
မျိုးဆက်အောင် ဦးဆောင်သော မြန်မာ့တပ်မတော်ကိုယ်စားပြု စစ်ရေးပြအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင်
ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့မှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိကြသည်။
ကြိုဆိုနှုတ်ဆက်
ထိုသို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ
မော်စကိုမြို့ ရင်ပြင်နီ၌ မေ ၉ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ
နှစ် (၈၀) ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနား၌ ပါဝင်ချီတက်ခဲ့ကြသော ဗိုလ်မှူးချုပ်
မျိုးဆက်အောင် ဦးဆောင်သော မြန်မာ့တပ်မတော်ကိုယ်စားပြု စစ်ရေးပြအဖွဲ့အား အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်
တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကိုထိုက်နှင့် တာဝန်ရှိသူများက မန္တလေးမြို့ တံတားဦးလေဆိပ်၌
သွားရောက်ကြိုဆို နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments