ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် ငလျင်ဒဏ်သင့်ဝန်ထမ်းများအတွက် ယာယီအဆောက်အအုံများ တည်ဆောက်နေမှု ကြည့်ရှုစစ်ဆေး
နေပြည်တော် မေ ၁၁
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယနေ့ မွန်းလွဲပိုင်းတွင် ဇမ္ဗူသီရိမြို့နယ်ရှိ ဆည်မြောင်းနှင့်
ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနပိုင် မြေနေရာ၌ ငလျင်ဒဏ်သင့် ဝန်ထမ်းများအတွက်
ယာယီအဆောက်အအုံ တည်ဆောက်နေမှုကို ကြည့်ရှု စစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ယာယီအဆာက်အအုံတွင်
အသုံးပြုရန် စက်ရေတွင်း တူးဖော်နေမှုနှင့် နှစ်ခန်းတွဲ လူနေအဆောက်အအုံ အလုံး ၃၀ တည်ဆောက်နေမှုကို
ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ သတ်မှတ်ကာလပြီးစီးရေး၊ လျှပ်စစ်မီးအသုံးပြုနိုင်ရေး၊
ဝန်ထမ်းများ စနစ်တကျနေထိုင်နိုင်ရေးအတွက် လိုအပ်သည်များ ကြိုတင်စီမံဆောင်ရွက်ရန် တာဝန်ရှိသူများအား
ဆွေးနွေးမှာကြားသည်။
ယင်းနောက် သက်ဆိုင်ရာက အပြာရောင်အဆင့်
သတ်မှတ်ထားသော ဝန်ထမ်းအိမ်ရာများဖြစ်သည့် ဇမ္ဗူသီရိမြို့နယ် ဝဏ္ဏသိဒ္ဓိရပ်ကွက်ရှိ တိုက်အမှတ်
၅၃၄၄၊ ၅၃၄၅ ၊ ၅၃၄၆၊ ၅၃၃၇၊ ၅၃၃၈ တိုက်များအား ဝန်ကြီးဌာနအစီအစဉ်ဖြင့် လိုအပ်သည့် ပြင်ဆင်မွမ်းမံခြင်းလုပ်ငန်း
ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့် မိသားစုဝင်များကို ရင်းနှီးစွာ
တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းအိမ်ရာ ပတ်ဝန်းကျင်သန့်ရှင်းသာယာရေးအတွက် ဝိုင်းဝန်းစုပေါင်းဆောင်ရွက်ရန်
မှာကြားသည်။
သတင်းစဉ်

No comments