ထိုင်း- ကမ္ဘောဒီးယား နယ်စပ်၌ တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် ၉ ဦး သေဆုံး
ဇူလိုင် ၂၄
ထိုင်းနှင့်ကမ္ဘောဒီးယားနိုင်ငံတို့၏ တပ်ဖွဲ့များအကြား အငြင်းပွားနေသော နယ်စပ်တလျှောက်တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
အဆိုပါတိုက်ပွဲများကြောင့် ထိုင်းဘက်ခြမ်းတွင် ကိုးဦးထက်မနည်းသေဆုံးပြီး အရပ်သားများ အပါအဝင် ၁၀ ဦးကျော် ဒဏ်ရာရရှိခဲ့သည်ဟု ထိုင်းတပ်မတော်က ဆိုသည်။
ထိုတိုက်ပွဲများသည် ယနေ့မနက်ပိုင်းတွင် စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ထိုင်းတပ်မတော်က ကမ္ဘောဒီးယားတပ်ဖွဲ့များကို F-16 တိုက်လေယာဉ်များဖြင့်တိုက်ခိုက်ကာ တပ်စွဲထားကြောင်း ပြောကြားသည်။
နယ်စပ်တလျှောက်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိသည်ဟု ယူဆရသည်။
မေလက နှစ်နိုင်ငံတပ်ဖွဲ့များ အပြန်အလှန်ပစ်ခတ်မှုကြောင့် ကမ္ဘောဒီးယား တပ်မတော်သားတစ်ဦး သေဆုံးခဲ့သည်ဟု သိရသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို
No comments