လက်ပံတန်း၌ သဘာဝမြစ်ချောင်းများအတွင်း ငါးမျိုးစိုက်ထည့်



လက်ပံတန်း     ဩဂုတ်   ၂၀

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ခုနှစ်အတွက် သဘာဝရေပြင်အတွင်း ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားကို  ဩဂုတ် ၂၀ ရက် နံနက်ပိုင်းက ကျင်းပရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက မိုးအိုင်ကျေးရွာအုပ်စု၊ တာဆိပ်ချောင်းအတွင်းသို့ ငါးမျိုးတစ်သိန်းကျော် စိုက်ထည့်ပေးခဲ့ကြသည်။

ဒေသတွင်း ငါးစားသုံးမှုဖူလုံပိုလျှံရေး၊ ငါးသယံဇာတများရေရှည်တည်တံ့ရေး၊ ဒေသခံပြည်သူများ ငါးရိက္ခာကို ပိုမိုစားသုံးနိုင်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေနိုင်ရေးအတွက် မြစ်၊ ချောင်း၊ အင်း၊ အိုင်၊ ဆည်တမံနှင့် သဘာဝရေပြင်များအတွင်း ငါးမျိုးများစိုက်ထည့်ပေးခြင်းဖြစ်ပြီး လက်ပံတန်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊  ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများက ရှင်သန်ကြီးထွားရန် အကောင်းဆုံးအရွယ်ရှိသော ငါးခုံးမကြီးအကောင်ရေ ၅၀၀၀၀၊ ငါးမြစ်ချင်းအကောင်ရေ ၅၀၀၀၀၊ ငါးခေါင်းပွအကောင်ရေ ၂၀၀၀၀ စုစုပေါင်းအကောင်ရေ ၁၂၀၀၀၀ ကို တာဆိပ်ချောင်းအတွင်း ငါးမျိုးစိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

No comments

Powered by Blogger.