ကျောက်ဆည်မြို့၌ မိုးစပါး(၄၂၆၄၇)ဧက စိုက်ပျိုးပြီးစီး
ကျောက်ဆည်
၁၉ ဩဂုတ်
မန္တလေးတိုင်းဒေသကြီး၊
ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၅-၂၀၂၆ခုနှစ် ရေရရှိမှု နည်းလမ်းအလိုက် မိုးစပါး (၅၂၈၁၇) ဧကလျာထားစိုက်ပျိုးလျက်ရှိရာ (၄၂၆၄၇)ဧက
စိုက်ပျိုးပြီးစီးကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်၌ မိုးစပါးများစိုက်ပျိုးရာ၌ ဒေသနှင့်ကိုက်ညီပြီး
အထွက်နှုန်းကောင်းမွန်သည့် ဧရာမင်း၊ မနောသုခ၊ ရွှေမနာ်၊ အောင်နိုင်တိုး၊ Gw-11 စပါးမျိုးများ
အဓိကထားစိုက်ပျိုးကြပြီး ဧရာမင်း(၄၂၃၀၂) ဧက၊ မနောသုခ(၂၅၅)ဧက၊ ရွှေမနော်(၇၅)ဧက၊ အောင်နိုင်တိုး(၁၅)ဧက
စုစုပေါင်း(၄၂၆၄၇)ဧက စိုက်ပျိုးပြီးဖြစ်သည်။ ထို့ပြင် စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့သည်
လျာထားမိုးစပါးသီးနှံများ ပြည့်မီကျော်လွန်စွာ စိုက်ပျိုးနိုင်ရေး တောင်သူများနှင့်ပူးပေါင်း
ဆောင်ရွက်လျက်ရှိပြီး စိုက်ပျိုးသီးနှံများအောင်မြင်စေရေး သက်ဆိုင်ရာ ဦးစီးဌာနများမှ
မျိုးစေ့များ၊ စိုက်နည်းစနစ်များနှင့် စိုက်ပျိုးရေများ လုံလောက်စွာ ပေးဝေရွက်လျက်ရှိကြောင်း
သိရသည်။
သက်မောင် (ကျောက်ဆည်)
No comments