ဆော်ဒီအာရေဗျနှင့် ပါကစ္စတန်နိုင်ငံတို့က နှစ်နိုင်ငံအပြန်အလှန်ကာကွယ်ရေး သဘောတူညီချက် တစ်ရပ် လက်မှတ်ရေးထိုး
ရီယာ့ဒ် စက်တင်ဘာ
၂၀
ဆော်ဒီအာရေဗျနှင့်
ပါကစ္စတန်နိုင်ငံတို့က နှစ်နိုင်ငံအပြန်အလှန်ကာကွယ်ရေး သဘောတူညီချက် တစ်ရပ်ကို
ယမန်နေ့တွင် လက်မှတ်ရေးထိုးခဲ့ကြောင်းသိရသည်။
မည်သည့်နိုင်ငံကမဆို
တစ်နိုင်ငံအပေါ် စစ်ရေးအရတိုက်ခိုက်ခံရပါက နှစ်နိုင်ငံစလုံးအပေါ် ရန်လိုခြင်း ဖြစ်သည်ဟု
ယူဆမည်ဖြစ်ကြောင်း ဆော်ဒီ သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
မဟာဗျူဟာမြောက်
အပြန်အလှန်ကာကွယ် ရေးသဘောတူညီချက်ဟု အမည်ပေးထားသည့် အဆိုပါစာချုပ်သည်
အမျိုးသားလုံခြုံရေးနှင့် ဒေသတွင်းငြိမ်းချမ်းရေးကို မြှင့်တင်ရန် ၎င်းတို့၏
တူညီသော ကတိကဝတ်ကို ထင်ဟပ်နေကြောင်း ဆော်ဒီအိမ်ရှေ့မင်းသားနှင့် ဝန်ကြီးချုပ်
မိုဟာမက် ဘင်ဆယ်လ်မန်အယ်လ်ဆော့ဒ်နှင့် အလည်အပတ်ရောက်ရှိနေသော ပါကစ္စတန်ဝန်ကြီးချုပ်
ရှာရစ်ဖ်တို့ က ပြောကြားခဲ့သည်။
အဆိုပါ
သဘောတူညီချက်သည် နှစ်နိုင်ငံကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်နှင့်
ရန်လိုမှုမှန်သမျှကို ပူးတွဲဟန့်တားမှုအားကောင်းစေရန် ရည်ရွယ်ကြောင်း ၎င်းတို့က
ပြောကြားခဲ့သည်။
ဒေသတွင်းနှင့်
နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေး၊ ဘုံအကျိုးစီးပွားဆိုင်ရာ ကိစ္စရပ်များနှင့်
လုံခြုံရေးနှင့် တည်ငြိမ် အေးချမ်းရေးတို့အတွက် ကြိုးပမ်းအားထုတ်မှုများအပေါ်
အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် -
အောင်ကျော်ကျော်
No comments