ကော့မှူးမြို့နယ်၌ သက်ကြီးအဘွားများအား ထောက်ပံ့ငွေများ ပေးအပ်

 



ကော့မှူး စက်တင်ဘာ ၂၁

 

ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် ကျိုက်ထော်ကျေးရွာတွင် တွံတေးခရိုင် မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ ကြီးကြပ်မှုဖြင့် သက်ကြီးအဘွားများအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက ကျိုက်ထော် (မ)ကျေးရွာ AT ခန်းမ၌ ကျင်းပသည်။

 

ဦးစွာ တွံတေးခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဇာဇာယမင်းဦးက သက်ကြီးအဘွားများအား ထောက်ပံ့ငွေများပေးအပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

 

ဆက်လက်၍ သက်ကြီးအဘွားများအား တစ်ဦးလျှင် ငွေကျပ်၈၀၀၀၀ နှုန်းဖြင့် တွံတေးခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဇာဇာယမင်းဦးနှင့် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ချိုမျိုးထိုက်နှင့်အဖွဲ့တို့က အဘွားများ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ကျော်သူရ(ကော့မှူး)

No comments

Powered by Blogger.