သင်္ဃန်းကျွန်းမြို့နယ်၌ မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ် လျော့ပါးရေး အသိပညာပေး

 



ရန်ကုန် စက်တင်ဘာ ၁၀

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်၌ မီးဘေးအန္တရာယ် နှင့် သဘာဝဘေးအန္တရာယ်လျော့ပါးရေး အသိပညာပေးအစီအစဉ်ကို Brain Works International School တွင် ယနေ့နံနက်ပိုင်းက ကျင်းပသည်။

အခမ်းအနားတွင် သင်္ဃန်းကျွန်းမြို့နယ် မီးသတ်ဦးစီးဌာန မြို့နယ် မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးမိုးသီဟဇော် ဦးဆောင်၍ မီးသတ် တပ်ဖွဲ့ဝင်များက Brain Works International School ကျောင်းမှ ကျောင်းသား ကျောင်းသူများအား မီးဘေးအန္တရာယ် တွေ့ကြုံလာပါက လုပ်ဆောင်ရမည့် အရေးပေါ် မီးငြှိမ်းသတ်ခြင်း၊ မီးဘေးအန္တရာယ် ကာကွယ်ခြင်းများ ဟောပြောခြင်း၊ လက်တွေ့သရုပ်ပြခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဇော်မိုး(သင်္ဃန်းကျွန်း)

No comments

Powered by Blogger.