ကချင်ပြည်နယ် ပူတာအိုမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်

 



နေပြည်တော် စက်တင်ဘာ ၁၄

 

နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသာ လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို တစ်နိုင်ငံလုံး အကြားအလပ်မရှိ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေဖြင့် ကချင်ပြည်နယ် ပူတာအိုမြို့နယ် နောင်ခိုင်-ဇီးအွန်-မူလာရှီးဒီလမ်း ၁၂ မိုင် ခုနစ်ဖာလုံအနက် ၁၀ မိုင် ခုနစ်ဖာလုံကို ကျောက်ခင်းပြီး ကျန်ရှိသည့် နှစ်မိုင်ကျောက်ခင်းခြင်း လုပ်ငန်းဆောင်ရွက်လျက်ရှိ သည်။

 

နယ်စပ်ရေးရာ ဝန်ကြီးဌာနအနေဖြင့် ကချင်ပြည်နယ်အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေကျပ် ၁၂၂၉ ဒသမ ၀၀၆ သန်းဖြင့် ကျောက်လမ်း တစ်မိုင်၊ ကျောက်လမ်းပြုပြင် ထိန်းသိမ်းခြင်း တစ်မိုင်နှင့်မဂွေဇ- ခေါင်လန်ဖူး ၆၅ မိုင် ၄ ဖာလုံ လမ်းပေါ်၌ သဘာဝဘေးအန္တရာယ် ကြောင့်ဖြစ်ပေါ်ခဲ့သည့် လမ်းပိတ်ဆို့မှု ရှင်းလင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်

No comments

Powered by Blogger.