ကျောက်တန်းမြို့နယ်၌ အခွန်ဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကျင်းပ

 



ကျောက်တန်း  စက်တင်ဘာ  ၁၄

ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်၌ ၂၀၂၅ -၂၀၂၆ ဘဏ္ဍာနှစ် တည်ဆဲအခွန်ဥပဒေများအရ လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အခွန်ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲကို စက်တင်ဘာ ၁၃ ရက် နံနက်ပိုင်းက ကျောက်တန်းမြို့ ( မြို့မ) အခြေခံပညာ အလယ်တန်းကျောင်း၌ ကျင်းပသည်။

အခမ်းအနားတွင် ကျောက်တန်းမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဝင် ဦးခိုင်ထွန်းဆွေက  အမှာစကား ပြောကြားသည်။ ထို့နောက် မြို့နယ်အခွန်ဦးစီးဌာနမှူး ဦးစောရွှေကျော်က အခွန်ထမ်း ပြည်သူများအနေဖြင့် ပြဋ္ဌာန်းထားသည့် တည်ဆဲအခွန်ဆိုင်ရာ ဥပဒေများ သိရှိပြီး ပေးဆောင်ရမည့် အခွန်များကို ကြည်ဖြူစွာပေးဆောင်ရန်နှင့် အခွန်ဆိုင်ရာဗဟုသုတများ သိရှိလာစေရန်အတွက် ယခုကဲ့သို့ အသိပညာပေး ဆွေးနွေးပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

အခမ်းအနားသို့ ကျောက်တန်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်အခွန်ထမ်းပြည်သူများ တက်ရောက်ကြပြီး သိရှိလိုသည့် မေးမြန်းမှုများကို ဖြေကြားပေးခဲ့ကြောင်း သိရသည်။

သန့်ဇင်ထွန်း(ကျောက်တန်း)

No comments

Powered by Blogger.